抖阴社区

Chapter 38

2.4K 259 56
                                        


အခန်း ( ၃၈ )

ညနေခင်း ဆိုင်ဘေးလမ်းကြားတွင် မှန်ကွဲနေ
သော မျက် မှန်တစ်လက်ရယ်၊ တိုးတိုးရယ်သာ
ရှိသည်။ တိုးတိုး မျက် မှန်ကို ကောက်ယူလိုက်
၏။ မြတ်ဘုန်းခန့်၏ အထိန်းအကွပ်မဲ့သည့် ပုံစံ
ဟာ သူ့အတွေးထဲမှာ ပေါ်လာသည်။

လင်းလက်သော် ပြောဖူးသည့် ကျောင်းမှာရန်
ဖြစ်သည် ဆိုသည့် စကားကို ပြန်သတိရမိတော့
လွယ်အိတ်ထဲက ဖုန်းကို ကမန်းကတမ်းထုတ်
လိုက်သည်။ လင်းလက်၏ ဖုန်းနံပါတ် သူ့ဆီ
တွင် ရှိမရှိ မသေချာ၊ မှတ်ထားမိလားလည်း
မမှတ်မိတော့။ contact ထဲ ဆွဲရှာကြည့်တော့
လင်းလက်၏ ဖုန်းကို မှတ်ထားတာ ရှိနေ၏။
တွေဝေမှုမရှိဘဲ ခေါ်ဆိုရန် နှိပ်လိုက်သည်။

ဖုန်းက အနည်းငယ်ကြာအောင် မြည်နေပြီးမှ
တစ်ဖက်က ကိုင်လာ၏။

" ဟယ်လို.. လင်းလက်"

" လင်းလက်သော်.. အိပ်နေတယ် "

လာကိုင်သည့်သူက လင်းလက်ကိုယ်တိုင်မဟုတ်
ဘဲ ငယ်ရွယ်သည့် ယောက်ျားလေးတစ်ယောက်
၏ အသံဖြစ်လေသည်။ ခဏအကြာ ဖုန်းတွင်
တဂျစ်ဂျစ်နဲ့ကြားရပြီးနောက်..

" ဟယ်လို.."

" လင်းလက်လား.."

" အင်း၊ အာလူး ? အာလူးလား.."

လင်းလက်က မြတ်ဘုန်းခန့်ကို စရင်း ခေါ်တာ
နှုတ်ကျိုးသွားလေပြီ။

" အင်း၊ ငါမင်းကို မေးစရာရှိတယ်.."

" အင်း၊ မြတ်ဘုန်းခန့်အကြောင်းလား၊
ဖြေလို့ရရင် ဖြေပေးမယ်.."

" ငါ့ကိုပြောပြ.. သူကျောင်းမှာ ဘာလို့ရန်ဖြစ်
ခဲ့တာလဲ "

တိုးတိုး လမ်းလျှောက်ရင်း ခြေလှမ်းတွေမြန်လာ
သည်။

" မင်းကို ပြောပြရင်.. မြတ်ဘုန်းခန့် ငါ့ကို
သတ်မှာပေါ့ "

" မင်း ဘယ်တုန်းက သူ့ကို ကြောက်သွားတာ
လဲ.. လင်းလက်၊ ငါသူ့ကို သိဖို့လိုတယ်။ ငါအခု
အရူးလို ခံစားရတယ်.. "

လင်းလက်သော် ကုတင်ခေါင်းရင်းတွင်မှီရင်း
သူ့ လက်သည်းမှ သွေးစလေးတွေကို ကလော်
ထုတ်နေသည် ။

??????????? ??????????????Where stories live. Discover now