抖阴社区

Chapter 44

2.3K 240 23
                                        


အခန်း ( ၄၄ )

ရှည်လျားလှတဲ့ ပင်ပန်းမှုတို့ မပြီးဆုံးခင်မှာပင်
တိုးတိုး၏ ခန္ဓာကိုယ်က အကန့်အသတ်သို့ရောက်
ရှိသွားပြီ ဖြစ်သည်။ အိပ်ရာပေါ် လှိမ့်လိုက်တော့
သူ့ခန္ဓာကိုယ်က အပူချိန်ကိုခံစားမိသည်။ အသား
စိုစိုလေးက ရေဓာတ်ခမ်းခြောက်နေသကဲ့သို့ ပက်
ကြားအက်နေကာ ခံတွင်းထဲမှ ခြောက်သွေ့မှုကို
တွန်းလှန်ရန် ရေတစ်ငုံလောက်တော့ ထသောက်
မှ ဖြစ်မည်။

တိုးတိုး အိပ်ရာဘေးက ဖုန်းကိုယူလိုက်ရင်း ဆိုင်
မန်နေဂျာ၏ ဖုန်းနံပါတ်ကို ရှာ၏။ သူနေမကောင်း၍ ဘယ်လိုမှ မလာနိုင်ကြောင်းပြောတော့
အနားယူလိုက်ရန်နှင့် နောက် မှ လစာထဲက ပြန်
ဖျက် မည်ဖြစ်ကြောင်း‌ဆိုလေ၏။ ဒါကိုပင် ကျေး
ဇူးတင်ရမည်။ သူတို့ဆိုင်က အမြဲလူလိုနေတာဖြစ်ပြီး ပုံမှန်ဆိုလျှင် လစာဖြတ်သည်က အဓိက
မကျ၊ အဓိကက လူရှိရန်ပင်ဖြစ်သည်။

ထို့နောက် လေးစားသမှုနှင့် ကိုမိုးဝေကိုပါ ဖုန်းဆက် အကျိုးအကြောင်းပြောလိုက်ရင်း အိမ်
အောက်သို့ ရေသောက်ရန် ဆင်းခဲ့လိုက်သည်။
သူ့ခေါင်းက ထိုးကိုက်နေပြီး ခန္ဓာကိုယ်က အားသိပ်မရှိပေ။ ဖန်ခွက်ထဲကို ရေထည့်ရင်း အစာ
တစ်ခုခု စားရန် မီးဖိုချောင်ထဲ စကန်ဖတ်သလို
သာမာန်ကာလျှံကာ ကြည့်လိုက်၏။ မီးဖိုချောင်
က သပ်ရပ်နေလေသည်။ ဖေဖေ့ကိုလည်း ပိုက်
ဆံပေးပြီး ဆေးရုံရှေ့က ဆိုင်တွေမှာသာ ဝယ်
စားရန်ပြောထားတာကြောင့် အိမ်က မီးခိုတိတ်
နေတာ အတော်ကြာပြီ။ တိုးတိုးက ဘယ်လိုမှ
ခွင့်ယူမရသည့်အတွက် မေမေလည်း အိမ်ထမင်း
အိမ်ဟင်း မစားရတာ ကြာလှနေပြီ။

တိုးတိုး ကော်ဖီတစ်ခွက်ဖျော်လိုက်ကာ ရေခဲ
သေတ္တာထဲမှ တွေ့သည့် ပေါင်မုန့်အဖြူအကျန်
နှစ်ချက်ကို ထုတ်လိုက်သည်။ ထမင်းစားခုံတွင်
ခပ်ရှောရှောထိုင်ကာ ပေါင်မုန့်ကို ဝါးလိုက်ရင်း
အာခေါင်ကပ်လာသဖြင့် ကော်ဖီနှင့် မျှောချရ
သည်။ ချောင်းနှစ်ချက်ဟန့်ကာ ‌မျက် မှောင်ကျုံ့
လိုက်ရင်း အိတ်ကိုကြည့်မိတော့ မနေ့ကတည်းက
ဒိတ်ကုန်ပြီးသား ဖြစ်နေပြီ။ မထူးတော့။ မသေ
နိုင်လောက်ပါဘူးဟု စိတ်သွင်းကာ ဆက်ဝါးနေ
လိုက်သည်။

??????????? ??????????????Where stories live. Discover now