အပိုင်း - ၃
"ကို.. ကိုကို.. သား.. သားတစ်ယောက်ထဲ... သားတစ်ယောက်ထဲကျန်နေခဲ့ပြီ ၊ ဖေဖေနဲ့မေမေကမရှိတော့ဘူးရယ်၊
ကိုကို ...သား ... သားလေ "အငိုတွေနှင့်ပြောနေရင်းစကားပင်မဆုံးခင် ထိုကောင်လေးက
ပျော့ခွေပြီးသတိလစ်သွားလေတော့သည်။ မကိုဋ်မှာတော့
ခန္ဓာကိုယ်သေးသေးလေးကို အပြေးတပိုင်းချီမလိုက်ရင်း
ကုတင်ပေါ်တင်ပေးလိုက်ရသည်။ မျက်ရည်တွေပေလူးနေသည့်မျက်နှာကိုစိတ်ရှုပ်စွာကြည့်လိုက်ရင်း" ကျွတ်!!! ငါ့ကိုမြင်တိုင်း သတိသာလစ်နေလိုက်
သက်ထက်ပန်ရေ ၊ တကယ်စိတ်ပျက်စရာကောင်းလွန်းတယ် "*
*
*
*
*
*
*
*အေးစက်စက်လေထုက ခန္ဓာကိုယ်တစ်ခုလုံးပေါ်ကိုလွှမ်းခြုံနေ၏။ အာခေါင်တွေထဲမှာလည်း ခြောက်သွေ့ပူလောင်နေသဖြင့် ရေငတ်သလိုခံစားနေရသည်။ မျက်လုံးကိုအားယူပြီး
ဖွင့်ကြည့်လိုက်တော့ အခန်းရဲ့မျက်နှာကြက်ဖြူဖြူကိုအရင်ဆုံးမြင်လိုက်ရသည်။ ထ်ု့ိနောက်မှာတော့ ကိုယ့်ကိုငုံ့ကြည့်နေသည့်
မျက်နှာတစ်ခု။" ကိုကို "
နှုတ်ကနေခပ်တိုးတိုးခေါ်လိုက်မိတော့ အလိုမကျသလိုကြည့်လာသည့်မျက်ဝန်းတွေ။
" ငါ့ကို ဘယ်အချိန်ထိ ကိုကိုလို့ခေါ်နေဦးမှာလဲ သက်ထက်ပန် "
အရင်ဆုံးကြားလိုက်ရသည့်စကားက ဆူသလိုပြောလာသည့်
စကားဖြစ်နေတာမို့" မသိဘူးလေ ကိုကိုလို့မခေါ်ရင် သားကဘယ်လိုခေါ်ရမှာလဲ "
မကိုဋ်တစ်ယောက် ဒီကောင်လေးကိုကြည့်မရသည့်အချက်ထဲတွင် အခုလိုမျိုး ကိုယ်ကဘာပြောပြော သူဘာမှမသိဘူးဆိုသည့်ရိုးသားသလိုမျက်ဝန်းတွေနှင့် တစ်ခွန်းမကျန်ပြန်ပြောတက် သည့် အကျင့်တွေကြောင့်လဲပါသည်။ငယ်ငယ်ကပုံစံအတိုင်းပဲ ဘာမှကိုမပြောင်းလဲဘူး။
" အခုမင်းသတိရလာပြီမဟုတ်လား ၊ ထတော့ တစ်ခုခုစားပြီးဆေးသောက်ရအောင်၊ ငါဆရာဝန်ခေါ်ပြီး မင်းကိုလာကြည့်ခိုင်းထားလို့ဆရာဝန်ကဆေးပေးသွားတယ် ၊ တစ်ခုခုစားဖို့
ထမင်းစားခန်းထဲလိုက်လာခဲ့ "

YOU ARE READING
My Husband Hates Me ( Completed )
Fanfiction" ?????????! ! ?? ??????????????????????????? " " ????! ! ?????????????? ?????????????????????? " " ?????????! ! ?? ??????????????????????????? " " ????! ! ?????????????? ?????????????????????? " Start Date - 19.3.2023 End Date - 25.6.2023