抖阴社区

Part - 31 ( Unicode)

97.8K 2.7K 269
                                        

အပိုင်း - ၃၁

" သားလေ ကိုကို့ကို ချစ်လိုက်တာ "

စကားအဆုံးမှာ ကိုယ့်နှဖူးပြင်ပေါ်နွေးခနဲဖြစ်သွားရလေ၏။

" ကိုကိုလည်း မင်းကိုအရမ်းချစ်တာပဲ "

*
*
*
*
*
*
*
*

သားငယ်လေးကို ပြည်ပနိုင်ငံတစ်ခုမှာပင် မွေးဖွားသန့်စင်
နိုင်ခဲ့လေသည်။ပေါင်ချိန်မပြည့်မှီဘဲမွေးလာရသည့်အပြင်
အခြားသောရောဂါတွေပါ ပါလာသည့် သားငယ်လေးကို
အသက်ဆက်ပြီးရှင်သန်နိုင်အောင် အစွမ်းကုန်ကုသ
ပြုစုစောင့်ရှောက်ခဲ့ရ၏ ။

သားငယ်လေးနည်းတူပဲ သက်ထက်ကိုယ်တိုင်လည်း
သေမင်းနှင့်လက်တစ်ကမ်းအလိုကို ရောက်ခဲ့ရပြန်သည်။
ကလေးရောလူကြီးပါ အသက်ရှင်သန်ဖို့အတွက်
သက်ဆိုင်ရာပါရဂူကြီးတွေက အစွမ်းကုန်ကုသပေးခြင်း
ကြောင့်သာ အခက်အခဲတွေကိုရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

မကိုဋ်အတွက်မှာလဲ သားငယ်လေးကိုမွေးဖွားသည့်ရက်တွေ
ဟာ ကိုယ့်အတွက် အရှင်လတ်လတ်ငရဲကျရသောနေ့တွေ့
လို့ပင်ခံစားခဲ့ရသည်။ ဘဝတစ်သက်တာလုံး ဘာသာမဲ့
တစ်ယောက်လိုရှင်သန်နေထိုင်ခဲ့တဲ့သူက သားကိုမွေး
ပြီး, ပြီးချင်းမှာ အောက်စီဂျင်တွေထိုးကျသွားလို့
ဆရာဝန်တွေကအရေးပေါ်ကုသပေးနေရသည့် သက်ထက်
ကို အရေးအပေါ်အခန်းအပြင်ကနေစောင့်ရင်း
ဘယ်တုန်းကမှ မတဘူးသည့်ဘုရားကိုအခါတနေမိခဲ့၏ ။
မရွတ်ဆိုတာကြာနေပြီဖြစ်သည့် ဘုရားစာတွေကို
မျက်ရည်တွေကြားထဲကနေရွက်ဆိုရင်း သားငယ်လေးရှိနေ
တဲ့အခန်းထဲကိုပြေးရတာလဲအခါခါ ။

သားအတွက်ရောသက်ထက်အတွက်ပါ တပြိုင်ထဲစိုးရိမ်
ပူပင်ရသည့်စိတ်ဟာ ယောကျၤားအရင့်အမာကြီးဖြစ်တဲ့
ကိုယ့်ကို ခဏလေးနဲ့ပုံစံပြောင်းသွားအောင် ဆွဲချလိုက်
နိုင်ပုံရသည်။ နောက်ဆုံး သက်ထက်ရောသားငယ်လေးပါ
စိတ်ချရသည့်အခြေအနေရောက်ပြီး ၊သက်ထက်လေး
သတိရပြန်လာတော့ သူ့ဘေးမှာရှိနေသည့်
ကိုယ့်ကိုကြည့်ပြီး ပထမဆုံးပြောလာသည့်စကားက

" သားရဲ့ကိုကို အရမ်းပင်ပန်းနေပြီမဟုတ်လား ၊
မျက်နှာလေးအရမ်းနွမ်းသွားပြီး အခြားလူတစ်ယောက်
လို့ထင်ရအောင်ကို ပုံစံပြောင်းသွားတယ် " တဲ့ ။

My Husband Hates Me ( Completed )Where stories live. Discover now