抖阴社区

?Part 1 ?

1.4K 42 0
                                        


အပေါ်ထပ်မှ ဆင်းလာသော တိမ်တိုက်၏ မျက်နှာထထက်တွင် ပျော်ရွှင်လန်းဆန်းမှု စိုးစဉ်းမျှမရှိ၊ ဒုတိယလှေကားထစ်နားအရောက်တွင် မျက်ဝန်းထွက်လာသော မျက်ရည်ကြည်များကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘဲ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။ ဆယ်ထစ်မျှရှိသော လှေကားပေါ်မှ ပြုတ်ကျသောနာကျင်မှုက
သူ့အတွက် မမှုတော့ပေ။ နဖူးထက်မှ စီးကျလာသောသွေးများက နဖူးကွဲသွားပီဖြစ်ကြောင်း
အသိပေးသယောင်

"ဟက်.!"

စိတ်မပါစွာ ကွဲသွားသောနဖူးမှ ဒဏ်ရာကို ခနဲ့ရင်း ကုန်းထမည်အပြု စိတ်သွားတိုင်းကိုယ်မပါပဲ ပြန်လဲကျသွားသည်။

"အာ့!"

ရုတ်တရက် သူ့ဝမ်းဗိုက်အောက်ခြေမှ
စူးနင့်စွာအောင့်လာသည်။ ကြမ်းပြင်တွင်ထောက်ထားသည့်လက်ချောင်းများက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကြမ်းပြင်ကိုခေါင်းစိုက်ကာ တဒုန်းဒုန်းထုရင်း အော်ရယ်နေမိသည်။ သို့သော် သူ့မျက်ဝန်းများမှာတော့ မျက်ရည်များက အဆက်မပြတ်ကျဆင်းလျက်

"ဟား............ ဟား.........ဟား...... ထွက်သွား......
ငါ့ဘဝထဲက အကုန်ထွက်သွားကြတော့...... အကုန်ထွက်သွားကြ.... ဦးသူရိန်...... သိပ်ကောင်းတယ်...... ခင်ဗျား ပိုင်ဆိုင်သမျှ...... အကုန်သာယူသွားတော့......"

စိတ်နှလုံးသားရဲ့နာကျင်မှုကို ခန္ဓာကိုယ်ရဲ့နာကျင်မှုက သိပ်မတွန်းလှန်နိုင်ဘူးထင်ပါရဲ့၊ ဒုတိယအကြိမ် သူပြန်ကုန်းထလာသည်။ သူထလာသည့်နေရာ၌ သွေးများကအကွက်လိုက်ကျန်ခဲ့သည်။
ဝမ်းဗိုက်ကိုဖိလျက် အောက်နှုတ်ခမ်းသားကို တင်းတင်းဖိကိုက်ကာ တံခါးဝမှ အိမ်ရှေ့ရှိ ကားထံသို့ ဦးတည်လိုက်သည်။ ခါတိုင်းဆို ဆယ်လှမ်းမျှလျှောက်ရသော တံခါးက အခုမှ အလှမ်းတစ်ရာလောက်လှမ်းနေရသလို အလွန်ပင်ပန်းစရာကောင်းသည်။ လှေကားအောက်ခြေမှကားနားထိတိုင်အောင်နီရဲနေသောသွေးများကအကြောင်းလိုက်၊ ခြေသလုံးတစ်လျှောက်တစ်စက်စက်ကျနေသော နီရဲရဲသွေးများကိုလျစ်လျူရှုလိုက်သည်။ ကားပေါ်သို့ရောက်တော့ ထိုင်ခုံကိုမှီလျက် အသက်ဝဝရှုလိုက်ပြီးနောက် ခါးပတ်ပတ်ကာ ကားစက်နိူးပြီး ဆေးရုံသို့မောင်းနှင်သွားသည်။ ဆေးရုံရှေ့ရောက်သည့်အခါ သူပြုံးမိသည်။

"သွန်း ..... နင်ပြောသလိုပဲ ငါကမိုက်ရူးရဲဆန်တဲ့ကောင်ပဲ..."

သွေးဆုံးရှုံးမှုများသဖြင့် နှုတ်ခမ်းများဖြူစုတ်နေသည်။ အမြင်အာရုံကမကြည်လင်တော့... အရာအားလုံးက နှစ်ထပ်သုံးထပ်ဖြစ်နေသည်။ ဆေးရုံအဝင်ဝတွင် သူ့ပုံစံကိုမြင်တော့ အနားရှိသူနာပြုများ၊ လူနာများကထိတ်လန့်သွားသည်။ သူနာပြုလေးတစ်ဦးက လာ၍တွဲကူသည်။

"အစ်ကို......... အစ်ကို ရရဲ့လား"

"ရတယ်...... ဘာမှ... မဖြစ်ဘူး ကျွန်တော်..... ဒေါက်တာ သွန်းလေပြေနဲ့.........တွေ့ချင်လို့ပါ"

တိမ်တိုက် ကံကောင်းသည်ဟုဆိုရမလားပင်၊ နေ့လည်စာစားချိန်ဖြစ်၍ သွန်းလေပြေသည် နေ့လည်စာစားရန်ထွက်လာသည်။ သူ့ကိုမြင်လိုက်ရသည့်အခါ သွန်းလေပြေ နားထင်သွေးတွေစောင့်တက်သွားသယောင် မျက်ပြူးဆံပြာဖြင့် အနားသို့အပြေးအလွှားသွားကာ...

"မှိုင်း.... အယ်.... တိမ်တိုက် နင်ဘာဖြစ်လာတာလဲ...... ဘယ်လိုဖြစ်တာလဲ"

တိမ်တိုက်၏သွေးများစွန်းထင်းနေသော
လက်များဖြင့်ဆုပ်ကိုင်လာသောအခါ သွန်း၏ဂျူတီကုတ်မှာအနီရောင်များ စွန်းထင်းသွားသည်။ တိမ်တိုက်က သူ့ကို ပြုံး၍ ပြောပြလာသည်။

"ဘာ...... ဘာမှမဖြစ်ပါဘူး.....ငါ...... ငါ . ကိုယ်ဝန်ပျက်ကျတာ ထင်တယ်"

"ဘာ! "

ထိုသို့ပြောပြီး‌နောက်... တိမ်တိုက် စိတ်အစုံကိုလျှော့ချလိုက်တော့ သွန်းလေပြေလက်မောင်းတွင်းသို့ အရုပ်ကြိုးပျက်လဲကျသွားတော့သည်။

"တိမ်တိုက်...... တိမ်တိုက်...... သတိထားဦး......."

#LillaX3

???????????????? ?????????Where stories live. Discover now