ကျွန်တော်တို့ချစ်သူတွေဖြစ်သွားကြပြီးနောက် မနက်တိုင်း သူအလုပ်မသွားခင်၊ ကျွန်တော် ကုမ္ပဏီမသွားခင် စားနေကျ စားသောက်ဆိုင်မှာ မနက်စာအတူစားတယ် ညနေအလုပ်ပြန်ရင်လည်း ညစာအတူစားတယ် တစ်ညလုံးစကားတွေပြောကြတယ် တစ်ခါတလေ ရင်ဖွင့်စရာရှိရင်လည်း ပြောဖြစ်ကြတယ် ကျွန်တော် အလုပ်ကြောင့် ပင်ပန်းတိုင်း သူကအမြဲ သူ့ပခုံးတစ်စုံကိုမှီစေခဲ့တယ်
"ဦး...... လာမယ့် Sunday ကျရင် လျှောက်လည်ရအောင်..."
"အင်း..."
လျှောက်လည်တယ်ဆိုတာလည်း နာမည်ကြီးစားသောက်ဆိုင်မှာပဲထိုင်ပြီးပြန်လာကြတယ် သူကလည်းဒီဇိုင်းဆွဲစရာရှိတယ် ကျွန်တော်လည်းအလုပ်တွေရှိသေးတာနဲ့ အစောပဲပြန်လာဖြစ်ကြတယ်
ကျွန်တော်တို့အချစ်ရေးက အေးစက်သလိုဖြစ်နေပေမဲ့ နှစ်ယောက်လုံးက ဒီလိုအခြေအနေလေးကိုကြိုက်တယ် တစ်လတစ်ခါတော့ သူက ကျွန်တော့်တိုက်ခန်းကို လာလည်တယ်
ထူးခြားချက်လား အားနည်းချက်လား ဘယ်လိုပြောရမလဲ မသိ၊ ကျွန်တော်တို့တစ်ခါမှ ရန်မဖြစ်ဖူးဘူး၊ စကားလည်းမများဖူးဘူး သူက ကျွန်တော်ကို သဝန်လည်းမတိုဖူးဘူး ဒါပေမယ့် တစ်နေ့ သူ ကျွန်တော်နဲ့ ညစာစားဖို့ပြောထားပြီးမှ ရောက်မလာခဲ့ဘူး နောက်ရက် ညစာအတူစားကြရင်း ကျွန်တော် မေးလိုက်တယ်" ဦး မနေ့ညက ဘာဖြစ်လို့မလာတာလဲ"
"တိမ်တိုက် ....."
"ဗျာ..."
"မင်း မပျင်းဘူးလား"
"ဟင်? ဘာကိုပျင်းရမှာလဲ ဦးနဲ့စကားပြောပြီး ညစာစားနေတယ်လေ မပျင်းပါဘူး"
"ငါတော့ပျင်းတယ်"
ကျွန်တော် ရုတ်တရက်ရင်တွေပူလာတယ် သူ့လေသံကမူမမှန်ဘူး အရင်ကထက်ပိုအေးစက်လွန်းတယ်
"ဘာလို့လဲ ဘာထပ်မှာကြမလဲ ဘာစားချင်လဲဟင်"
တိမ်တိုက်၏လက်များတုန်ယင်နေသလိုပါပဲ menu စာအုပ်ကို လှန်ဖို့ပြင်နေတုန်းမှာ သူရိန်ရောင်က ဆတ်ခနဲကလက်ကိုဆွဲကိုင်လိုက်သည်။ တိမ်တိုက်လန့်ဖြန့်သွားပေမယ့် ဟန်ဆောင်ပြုံးကာ

YOU ARE READING
???????????????? ?????????
Short Story???????? ?????????????? ?????????????? ????????????? ??????????? ????????????????????