抖阴社区

??????? ?

32.4K 1.9K 175
                                        

"ရောဘတ် ဒီပါ ဘယ်မှာလဲ...သွားခေါ်စမ်း..."

အခန်းတွင်းသောင်းကြမ်းနေသော ရွိုင်းမှာ စာအုပ်ပုံကြီးအကြား ဒေါသအလိပ်လိပ်ထွက်နေသော နဂါးတစ်ကောင်လို မြင်သူအပေါင်းကို ရန်ဆောင်နေလေရဲ့.... ထွက်ကျလာသောပဲ့တင်သံမျိုးစုံမှာ တောက် တစ်ခေါက်ခေါက်နှင့် ဆဲရေးမျိုးစုံပါ၏။

"fuck...!"

အခန်းနှစ်ခန်း၏အကျော်နားတွင် ကိုယ်ပိုင်ရုံးခန်းနှင့် အချက်အလက်များအားစစ်ဆေးနေသည့် ရောဘတ်မှာ ဆေးပေါ့လိပ်တစ်လိပ်ကို နှုတ်ခမ်းကြားမှအသာခွာရင်း ပြာခွက်ထဲ ခြွေချနေ၏။ ထို့နောက် အခန်းတံခါးခေါက်သံနှင့်အတူ အခန်းထဲ ဒုန်းဆိုင်းဝင်လာသော အစောင့်တပ်သားကြောင့် ရောဘတ် ခေါင်းမော့ကြည့်လာခါ မျက်ခုံးကြုတ်လိုက်သည်။

အကြည့်က ဘာဖြစ်လာတာလဲ ဟူသည့် စိတ်ရှုတ်ဖွယ်ရာအကြည့်....

"ဗိုလ်ကြီးက မြန်မြန်လာခဲ့ပါတဲ့...."

ထိုစဥ်.......
ဒုန်း!
ခလွမ်း...! ဟူသည့် အဆိုပါအသံများကိုပါကြားလိုက်ရသည့်ခဏမှာ ရောဘတ် မျက်လုံးတွေ အခန်းအပြင်ဘက်ဆီအကြည့်ရောက်သွား၏။

"ချီးလိုဘဲ...သူဘာဖြစ်နေပြန်ပြီလဲ.."

တပ်သားငယ်က ခေါင်းခါပြ၏။

"ကောင်းပြီ လာခဲ့မယ်..."

ရောဘတ်က အင်္ကျီချိတ်သည့်တိုင်တွင် သူ၏ ကုတ်အင်္ကျီကို ဆွဲမဖြုတ်ရင်း ကိုယ်တွင် ဝတ်ဆင်လိုက်၏။ ခါးပတ်ပတ်ထားသော ပုဆိုးငွေမှင်ရောင်မှာ ကုတ်အနက်နှင့်လိုက်ဖတ်ညီစွာ စီးထားသော လည်သာဘွတ်ဖိနပ်အနက်ရောင်သည် တောက်ပြောင်လျှက်ရှိ၏။ ရောဘတ် နောက်ဆုံးတစ်ကြိမ် ဆေးပေါ့လိပ်ဘူးထဲမှ ဆေးပေါ့လိပ်တစ်လိပ်ကိုယူခါ လက်ညှပ်ဓါးဖြင့် ဖင်ဖြတ်လိုက်ရင်း မီးတို့ခါ တစ်ချက်ဖွာလိုက်၏။
အရသာက အတော်ရှိသကိုး.......

ဒေါက် ဒေါက် ဒေါက်....

အသံပြုရင်း တံခါး၏အနောက်ဖက်ခြမ်းဆီဝင်ရန် တံခါးလှပ်လိုက်သော်လည်း အထဲမှ လျှင်မြန်စွာထွက်လာသည့် လက်တစ်စုံက ရောဘတ်ကို အထဲဆွဲသွင်းသွား၏။

My Captain (or) ???????????????????(Complete)Where stories live. Discover now