抖阴社区

??????? ??

17.8K 1.1K 58
                                        

Unicode.....

အိမ်ပြန်လမ်းတစ်လျှောက်ငြိမ်ကုတ်စွာလိုက်ပါလာသည့်အာဒန်မင်က ထမင်းဆိုင်တွင် ရောဘတ်နှင့် ဘာတွေပြောခဲ့ကြလို့ အတွေးတွေများနေသည်လဲမသိပေမဲ့ ပုံမှန်မဟုတ်တာကတော့သေချာပါသည်။တဂျက်ဂျက်မည်ခါ ခုတ်မောင်းနေသည့် အမဲရောင်ရထားကြီးမှာ လိုရာခရီးကိုပင် တအိအိနှင့်သွားနေလေသည်။ ရထားပေါ်တွင် ခရီးသည်အချို့၏ ဆူညံသံ ရယ်သံနှင့် တခါတခါပေါ်ထွက်လာသည့် စကားများသံတို့မှာ နားစည်အတွင်းဆူညံလွန်းလှပြီး စျေးသည်အချို့ကပါ အလိုက်ကမ်းဆိုးမသိစွာ အနားတွင်ပစ္စည်းမဝယ်မချင်း ကပ်တွယ်နေကြ၏။ ဘာတက်နိုင်မှာလဲ..မလိုအပ်သည့်ပစ္စည်းမို့ ညိုမင်းမို အပြုံးလေးတစ်ပွင့်သာပေးရင်း အားနာနာနှင့်ခေါင်းယမ်းပြရ၏။ ထိုအခါစျေးသည်ကလေးတွေဆီမှ စိတ်ပျက်သောနှာမှုတ်သံများသာထွက်ပေါ်လာပြီး နေရာမှထွက်ခွာခါ အခြားလူများထံ ဇွဲရှိရှိနှင့် ထပ်၍ရောင်းနေပြန်သည်။ ညိုမင်းမို ရထားပေါ်က စျေးသည်ကလေးတွေကိုလိုက်ကြည့်နေရင်း စိတ်ထဲမှ အလိုမကျစွာဝမ်းနည်းမိသွား၏။

"ဟင်း....."

သက်ပြင်းဖွဖွချသံကြောင့် အာဒန်မင်က လူတစ်ကာကိုလိုက်လံငေးမောကြည့်နေသည့်ညိုမင်းမိုထံဖြတ်ခနဲအကြည့်ရောက်သွား၏။

"ကိုကို"

"ဟင်!"

"ဘာလို့လဲ"

"ဘာကိုလဲ.."

"သက်ပြင်းချနေလို့လေ"

"အာ..ဟိုးက စျေးသည်ကလေးတွေကိုကြည့်ပြီးသနားလို့ပါ ကျောင်းတက်ရမဲ့အရွယ်ကောင်းလေးတွေလေ..စာကောင်းကောင်းသင်ပြီး လူတော်လေးတွေဖြစ်လာရမှာ..."

အာဒန်မင်က ထိုကလေးတွေကိုလိုက်လံကြည့်ရှုလိူက်ရင်း မျက်လွှာတွေချခါ ညိူမင်းမို၏လက်ဖဝါးအားဆုတ်ကိုင်လိုက်မိ၏။

"အင်္ဂလိပ်မြန်မာအရေးခင်းပြီးသွားရင် ကိုကိုဘာဆက်လုပ်မှာလဲ..."

"အဟက် ဘာဆက်လုပ်ရမလဲနော်...အမ် ..တစ်စုံတစ်ယောက်ရဲ့ အိမ်ရှင်ထီး လိုက်လုပ်ရင်ကောင်းမလားလို့တော့စဥ်းစားထားတယ်.."

My Captain (or) ???????????????????(Complete)Where stories live. Discover now