抖阴社区

??2??

5K 62 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

~~ဦးပေးသောအမုန်း~~
အပိုင်း~~၂~~

"တီ တီ...."

အိမ်ရှေ့မှကားဟွန်းသံသဲ့သဲ့ကိုဦးရွက်သစ် အိပ်ယာပေါ်မှာမှိန်းနေရင်းမှကြားနေရ၏။
မိန်းမဖြစ်သူကွယ်လွန်ပြီးထဲကကျန်းမာရေးချူချာတာကြောင့်ကုမ္ပဏီကလဲအရူံးပေါ်ရင်းယခုတော့အကြွေးတွေနဲ့ပဲအသက်ဆက်နေရသည်။

အိပ်ယာပေါ်မှကုန်းရုန်းထရင်းဖရိုဖရဲဖြစ်နေတဲ့ပုဆိုးကိုသေချာပြင်ဝတ်ကာအိပ်ခန်းထဲကထွက်လာခဲ့လိုက်၏။
ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့်လေးပင်နေတဲ့ခေါင်းကိုဆတ်ခနဲခါထုတ်ကာအရှေ့ကိုပြူပြူလေးကြည့်မိတော့ကားအကောင်းစားတစ်စီးကိုတွေ့ရ၏။

မြင်ဖူးနေတဲ့ကားကိုကြည့်ရင်းဦးရွက်သစ် မျက်စိမျက်နှာပျက်သွား၏။
မဟုတ်မှM.Y.B ကုမ္ပဏီက
ဉက္ကဌမင်းရန်ဘက်ရဲ့ကားများလား???

စိတ်ထဲထင်နေပေမဲ့မဟုတ်ပါစေနဲ့သာ
တွေးရင်းအကြောင်းမရှိအဖြူဘက်သမ်းချင်နေပြီဖြစ်တဲ့ဆံပင်တိုစိပ်စိပ်တို့ကို
သပ်တင်မိကာအိမ်ရှေ့ခြံတံခါးဆီလျှောက်လာ၏။

တုန်ချင်နေတဲ့လက်အစုံကိုထိန်းသိမ်းရင်း
ဦးရွက်သစ် တံခါးကြီးကိုတွန်းဖွင့်‌ကာ
ဘေးတစ်ဖက်ရပ်ပေးလိုက်တော့မာန်အပြည့်ဝင့်ချီထားသလိုထင်ရသည့်ကားအကောင်းစားကြွကြွရွရွကြီးက ခြံထဲကိုမိန့်ခနဲဝင်လာ၏။

ဦးရွက်သစ် ချမ်းသာတာမဟုတ်ပဲအလယ်လတ်တန်းစားမို့မကျယ်ပြန့်တဲ့ခြံဝန်းက
ထိုကားနေရာယူလိုက်တော့တစ်ဝက်
ကျော်လောက်နေရာပုတ်သွားသည်။
ကားပေါ်ကအရင်ဆင်းလာသည့်
ဖိနပ်ဦး ပြောင်လက်လက်ကိုကြည့်ရင်းတံတွေးကိုအသာမြိုချမိ၏။

~~???????????????~~ {Complete}Where stories live. Discover now