![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Unicode
~~ဦးပေးသောအမုန်း~~
အပိုင်း ~~၂၉~~
ရန် ဒေါ်တိုးကိုအောက်ကဖန်ကွဲစတွေ
ရှင်းခိုင်းရင်းအပေါ်ကိုခပ်သွက်သွက်
တက်လာခဲ့တဲ့အခါ ကုတင်ပေါ်မှာထိုင်ရင်း
နှဖူးကိုခပ်ဖွဖွဖိကိုင်ထားတဲ့သူမက
သိပ်တော့မဟုတ်!!!ခပ်သွက်သွက်သွားရင်းမှ ရောက်သွားချိန်
သူမရဲ့ထမိန်စလေးပေါ်မှာလဲသွေးတစ်ချို့
တတောက်တောက်စီးကျနေသည်။ရန် စိုးရိမ်မှုကြောင့်ရင်တွေပါပူလာရင်း
ရေချိုးခန်းထဲပြေးဝင်ကာ ဖလားထဲ
ရေနွေးခပ်၍ သူမနားအပြေးပြန်လာခဲ့၏။သွေးကျဲသူမို့ လက်ချောင်းတွေမှာပါ
သွေးတွေပေကျံကုန်တဲ့အခါ ထိုလက်တွေကို
ဆွဲယူဆေးကြောရင်း သူမနှဖူးကို
ရေဖြင့် ဖွဖွသုတ်ပေးလိုက်သည်။မတိတ်တဲ့သွေးတွေကြောင့် ရေတောင်
သွေးရောင်ဖြစ်နေလေ၏။
သူမကမျက်ခုံးလေးတွေဖိကျုံ့ရင်း
မျက်မှောင်ကျုံ့ထားတာမို့ ရန်
ပုခုံးလေးကိုခပ်ဖွဖွဆုပ်ကိုင်ကာ“ဘာဖြစ်လို့လဲ ခေါင်းကိုက်လို့လား??....."
မေနေ့စွဲရှေ့မှာဟန်ဆောင်အောင့်အီးနေတာကြောင့် သွေးထွက်လွန်နေတဲ့နှဖူးက
ခေါင်းကိုအဆမတန်ထိုးကိုက်စေသည်။ကြွေ ခေါင်းကိုခပ်ဖြည်းဖြည်းငြှိမ့်ပြလိုက်တော့ သူကကိုယ်လုံးလေးကိုမွေ့ယာပေါ်
ခပ်ဖွဖွလှဲစေကာ စောင်ဆွဲခြုံပေး၏။“ခဏလေး ကိုယ်ဆေးထည့်ပေးမယ်.....”
ပြောပြီးသူကအောက်ကိုဆင်းသွားကာမှ
ကြွေ မျက်ဝန်းလေးဖိပိတ်ချလိုက်တော့
မျက်ရည်တစ်ကြောင်းစီးဆင်းသွားသည်။
ဒီလောက်ကိုက်တဲ့ခေါင်းမျိုး တစ်ခါမှ
မခံစားဖူးဘူး!!!

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????