抖阴社区

                                    

စို့နင့်စွာပြောရင်းကြွေ ခေါင်းငုံ့ချလိုက်ကာကျလုလုဖြစ်နေတဲ့မျက်ရည်စက်တွေကိုစိတ်အေးလက်အေးစီးကျခွင့်ပြုလိုက်သည်။
ခြေသံသဲ့သဲ့နှင့်ဖေဖေထွက်သွားတော့မှကြွေ ခေါင်းလေးပြန်မော့ကာမျက်ရည်တွေကိုပွတ်ဆွဲသုတ်လိုက်သည်။တိတ်ဆိတ်သွားခြင်းကဖေဖေခွင့်ပြုလိုက်ပြီဆိုတာကြွေသိသည်။
ထို့ကြောင့်ပထမဦးဆုံးအကြိမ်ဖေဖေကြွေ့ ဆန္ဒကိုလိုက်လျောပေးတာကြောင့်ရင်ထဲအသည်းထဲကနေကိုလိူက်လိူက်လှဲလှဲပြုံးမိ၏။

ကြွေ ဆရာမကြီးကိုလဲမတွေ့ရတာကြာပြီဖြစ်တာကြောင့်ထီးလေးတစ်ချောင်းကိုလက်ကောက်ဝတ်မှာချိတ်ရင်းကြွေ ဂေဟာဆီလမ်းလျှောက်လာခဲ့သည်။

"ဟယ် ကြွေလေး ဆရာမကြီးမျှော်နေတာကို အခုမှပေါ်လာ‌ေတာ့တယ်...."

ကြွေ့ အစားကလေးတွေကိုစာသင်ပေးနေတဲ့ဆရာမကြီးကလက်ထဲကမြေဖြူတိုတိုကို
ဖြစ်သလိုပြစ်ချခဲ့ရင်းလက်မှာပေနေတဲ့မြေဖြူတွေကိုထမိန်နဲ့ပဲကမန်းကတန်းသုတ်ကာကြွေ့ဆီပြေးဆင်းလာသည်။
အရင်ကဆိုလက်ဟန်ခြေဟန် ဒါမှမဟုတ်
သူတို့ရဲ့နူတ်ခမ်းတွေကိုကြည့်ပြီး
ပင်ပင်ပန်းပန်းနှင့်စကား‌လုံးတွေကိုပုံဖော်ဘာသာပြန်ရတဲ့ကြွေက ယခုတော့နားကအကောင်းပကတိလိုကြားနေရတာကြောင့်ဝမ်းသာမိပြန်သည်။

ဆရာမကြီးကကြွေ့လက်ကိုဆွဲကိုင်ကာခုံလေးမှာထိုင်ရန်ပြောတာကြောင့်ကြွေ အိမ်မှာပြန်လဲလာတဲ့ထမိန်လေးကိုသေသေသပ်သပ်ပြုပြင်လိုက်ရင်းခုံတန်းလျားလေးမှာဝင်ထိုင်လိုက်၏။

"ကြွေ တောင်းပန်ပါတယ် ဆရာမကြီး
ဒီရက်ပိုင်းကလေးတွေကိုစာလာမသင်ပေးနိုင်တာကြွေ ကိုယ်ရေးကိုယ်တာကိစ္စလေးရှိလို့ပါ...."

ဆရာမကြီးကရပါတယ်ဆိုသည့်အကြည့်နှင့်ကြည့်ကာအသင့်ချထားတဲ့ရေနွေးကရားထဲကနေခွက်ထဲကိုရေနွေးငှဲ့ထည့်ကာကြွေ့ကိုလဲတစ်ခွက်ပေးသည်။

"သမီးရုတ်တရက်ပျောက်သွားတော့ဆရာမကြီး စိုးရိမ်နေတာကွယ် တစ်ခုခုများဖြစ်နေသလားလို့လေ အခုလိုမျက်နှာလေးလာပြတော့လဲကျေနပ်သွားပါပြီ...."

~~???????????????~~ {Complete}Where stories live. Discover now