抖阴社区

                                    

"မင်းကြိတ်ကြိုက်နေတဲ့ကောင်မလေး...."

"ဘာ...."

ရန့် အပြောကြောင့်လျှံ ဘာခနဲဖြစ်သွားတာကိုကြည့်ရင်းရန်နူတ်ခမ်းတွန့်ပြုံးလိုက်မိသည်။ရန် ဆိုတာကလဲသူများရဲ့တန်ဖိုးအကြီးဆုံးပစ္စည်းကိုမှလိုချင်တာမဟုတ်လား??

လျှံ မျက်စိမျက်နှာပျက်သွားပြီးမှသူ့ရဲ့အထင်သေးသေးမျက်ဝန်းတွေကိုတန်ပြန်စိုက်ကြည့်ရင်းအားကျမခံပင်ထိုင်နေရာကနေထကာ

"လိုက်မယ် တကယ်လို့ငါနိုင်ရင်မင်း
ဘာပေးမလဲ...."

လျှံ့ အပြောကြောင့်ရန်စဉ်းစားသလို
မေးကိုပွတ်နေပြီးမှ

"ငါမင်းကိုဆရာခေါ်မယ်....ဒါပေမဲ့မင်းရူံးရင်တစ်ကျောင်းလုံးရှေ့မှာငါ့ကိုဒူးထောက်ရမယ်...."

အပေးအယူမမျှတာကြောင့်လျှံ တင်းသွားမိ၏။သူကကျတော့ဆရာလေးခေါ်ရုံနဲ့ပြီးပြီး ကိုယ့်ကျတော့တစ်ကျောင်းလုံးရှေ့အရှက်ကွဲခံပြီးသူ့ကိုဒူးထောက်ရမယ်တဲ့လား ယုတ္တိမရှိလိုက်တာ....

"မင်းဟာကတစ်ဖက်သတ်ကြီးပဲ တော်ပြီမပြိုင်တော့ဘူး...."

လျှံ စိတ်တိုတိုနဲ့လှည့်ထွက်မည်ပြင်တော့ ရန်လှမ်းဆွဲထားကာ

"အဲ့တာဆိုမင်းနဲ့ငါနဲ့အတူတူပဲလုပ်ရအောင် ငါရူံးရင်ငါဒူးထောက်မယ် မင်းရူံးရင်မင်းဒူးထောက်...."

ရန့် အပြောကြောင့်လျှံ့ မျက်နှာအနည်းငယ်ပြောလျော့ရင်းသူမရှိမည့်အတန်းထဲပြန်လျှောက်လာခဲ့သည်။အဖော်မက်တဲ့သူမက တော့သူငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ကာစကားဖောင်ဖွဲ့နေဆဲ

စိတ်ထဲစိုးရိမ်စိတ်ဝင်မိပေမဲ့သူ့ရဲ့အထင်သေးသေးမျက်ဝန်းတွေကိုအနိုင်လိုချင်တာကြောင့် လျှံ သူမကိုလ်ိုက်ရန်ဆုံးဖြတ်လိုက်သည်။
~~~
ထိုနေ့ကလျှံ သူမကိုစလိုက်မည့်နေ့ဖြစ်တာကြောင့်ကျောင်းစိမ်းအင်္ကျီအဖြူစွတ်စွတ်ကိုသေသေသပ်သပ်ဆွဲဆန့်ရင်းတစ်ခါမှအတည်တကျမဖြီးဖူးတဲ့ဆံပင်ကိုလဲ ဂျယ်ပါးပါးနဲ့မသိမသာလေး‌ေထာင်ထားသည်လေ

"ဟင်...."

အတန်းထဲဝင်လိုက်ပြီဆိုတာနဲ့မြင်လိုက်ရတာကရင်နင့်စွာ!!
သူကတော့အခုမှပြင်ဆင်ရုံရှိသေး
သူမနဲ့ရန်ကတော့စကားတွေတီတီတာတာပြောကာရင်းနှီးတဲ့လူတွေဖြစ်သွားပြီ!!

~~???????????????~~ {Complete}Where stories live. Discover now