抖阴社区

                                    

“မငိုနဲ့ ကိုကိုကဒီတိုင်းအခက်တွေ့နေလို့
သူ့ကိုပေးနေထားတာပါ မင်းမကြိုက်ရင်
သူ့ကိုတစ်ခြားအခန်းမှာနေခိုင်းလိုက်မယ်....”

ကြေကွဲဖွယ်သရုပ်ပြဇာတ်လမ်းကို
ကြည့်နေရသလို ရင်ထဲနင့်ခနဲဖြစ်သွားသည်။
ကြွေရှိနေတာကိုသတိများရကြလေမလားဆိုတဲ့ အတွေးတောင်ခေါင်းထဲရောက်မိ၏။

‌ကလေးတစ်ယောက်ကိုချော့နေသလို
နူးညံ့ပြနေတဲ့သူ့ကိုကြည့်ရင်း
ကြွေ့ရင်တွေနာကျင်လာသည်။
ကြွေ့ကိုဆိုအမြဲတမ်းပြောဆိုနေတတ်တဲ့
သူက မေနေ့စွဲရဲ့မျက်ရည်ကိုမြင်တာနဲ့
ဒူးထောက်သွားတတ်တာလား??

နာကျင်မှုကြောင့်ရင်ဘတ်တွေမွန်းလာသလို
ကြွေ နှုတ်ခမ်းလေးကိုခပ်ဖွဖွဖိကိုက်ရင်း
ထိုနားကနေလှမ်းထွက်လာခဲ့၏။

သဝန်တိုတယ်ဆိုတာထက်
ကြွေဟာ သိမ်ငယ်မိတာဆို
ပိုမှန်ပါလိမ့်မယ်!!!

......

စားပွဲဝိုင်းမှာထိုင်ရင်းတစ်ခါမှမတွေးခဲ့ဖူးတဲ့
အတွေးတို့ကိုအခုမှနောင်တရသည်။
အထင်သေးတဲ့သူ့ရှေ့မှာ ရစရာမရှိအောင်
ဆက်ဆံခံလိုက်ရမယ်မှန်းသိရင်
အဲ့ဒီအခန်းမှာရှိတဲ့အသုံးအဆောင်တွေကို
ကြည့်ရုံနဲ့ ကြွေသတိထားမိသင့်တယ်!!

ပြီးတော့ မေတိုးပြောခဲ့တဲ့ဒီအိမ်မှာ
တစ်နှစ်တစ်ခါလာနေတယ်ဆိုတဲ့မိန်းကလေး
အကြောင်းလဲ ဆက်စပ်တွေးမိသင့်တယ်!!
အခုတော့ ကြွေကသူ့ရှေ့မှာ မေနေ့စွဲရဲ့
စကားတွေနဲ့ရစရာမရှိအောင်
ချိုးဖဲ့ခံလိုက်ရပြီ။
ပြီးတော့ သူပြောတဲ့စကားတွေကလဲ
ကြွေ့ကိုသက်ရှိအရုပ်တစ်ခုလို
ဆက်ဆံနေသလိုပါပဲ....။

“ခဏလာနေတဲ့လူ....မင်းနဲ့တူတူပဲပေါ့”တဲ့
ဒါဆိုကြွေတို့လက်မှတ်ထိုးထားတဲ့
လက်ထပ်စာချုပ်က သူရှို့ခဲ့သလို ပြာဖြူတွေအဖြစ်ပဲ သက်ရောက်သွားပြီလား??
ဘာမှတန်ဖိုးမရှိတော့ဘူးလား??

လမ်းပျောက်နေသူတစ်ယောက်လို
မှိုင်တွေနေရင်း ရုတ်တရက်ငိုချင်လာသည်။
ကြွေကတကယ်ပဲသူ့အတွက်ဘာလဲ??
ပိုက်ဆံအတွက်ပြန်ပေးဆပ်ရမဲ့
တန်ဖိုးမဲ့လူတစ်ယောက်သာသာလား??

~~???????????????~~ {Complete}Where stories live. Discover now