抖阴社区

                                    

အခုတော့မေမေ့ရဲ့အမှတ်တရလေးလဲ
အမှတ်တမဲ့အချိန်‌အတွင်းမှာ
မွကျေလို့သွားချေပြီ!!
ကြွေ မျက်ရည်လေးတွေဝဲလာရင်းအင်္ကျီကို
ရင်ဝယ်ပိုက်ကာ မေမေ့ကိုသတိရ၏။

ကြွေ့ကြောင့်သာမဟုတ်ရင် မေမေဒီချိန်
သက်ရှိထင်ရှားရှိနေမှာလား??
မျက်ရည်စက်လေးကိုဖွဖွသုတ်ရင်း
အပြင်ထွက်လာကာ မေနေ့စွဲရဲ့အဝတ်ဗီဒိုကို
ဖွင့်ကြည့်မိသည်။

အသစ်တွေပါထည့်ထားတာမို့ ကြွေ
တစ်ထည်ချင်းစီကြည့်ရင်း နောက်ဆုံး
ကြွေနဲ့တစ်ထေရာတည်းတူသော
အင်္ကျီလေးကိုတွေ့လိုက်ရ၏။
တကယ်ကိုတစ်ထပ်ထည်း!!

မေနေ့စွဲပြန်လာရင်မြင်မှာဆိုးတာမို့
ဗီဒိုမြန်မြန်ပိတ်ကာ ဒီဘက်လှည့်တော့
ထင်တဲ့အတိုင်းမေနေ့စွဲက ခပ်ဆောင့်ဆောင့်
အခန်းထဲဝင်လာကာ ကြွေ့ကိုတွန်းဖယ်သွားသည်။

“သူခိုးမ ငါ့ဖိုးဖိုးနဲ့နင့်ကိုရော
ကိုကို့ကိုရောတိုင်ပြီးပြီ နင်မကြာခင်
အိမ်ပေါ်ကဆင်းရမယ်သာမှတ်......
ကိုကိုကဖိုးဖိုးစကားဆိုနားထောင်တယ်”

တကယ်ဆွေမျိုးသားချင်းတွေမှန်း
အခုမှသိတာမို့ ကြွေ နည်းနည်းတော့
ပူထူလာတာအမှန်!!
ဒီအိမ်ပေါ်ကဆင်းရရင် ကြွေ
ဘယ်မှာသွားနေရမလဲ??
ဖေဖေ့ကိုလဲနားလည်အောင်ရှင်းပြလို့
ရမှာမဟုတ်!!

“ရွက်ဟောင်းကြွေ....."

အတွေးမဆုံးမီ အခန်းထဲဝင်လာကာ
ကြွေ့ကိုခေါ်တဲ့သူ့ကြောင့် လန့်ဖျန့်စွာ
မော့ကြည့်လိုက်မိသည်။

“မင်းအဝတ်တွေနဲ့အသုံးအဆောင်
အားလုံးယူပြီး အဲ့အခန်းထဲကထွက်ခဲ့...”

“ဟင်....."

ကြွေ ပူထူသွားကာဟင်တစ်လုံးပဲ
ဖြေလိုက်မိ၏။
သူက ကြွေ့ကိုခပ်မာမာစိုက်ကြည့်ရင်း
ပြန်ထွက်သွားတာမို့ လူက
‌ရုတ်တရက်ကြောင်သွားသည်။

အစောကပဲကြွေ့ကိုနှစ်သိမ့်အားပေးနေတဲ့
သူက အခုတော့အိမ်ပေါ်ကဆင်းစေလိုတာကြောင့် နားမလည်နိုင်ဖြစ်သွားရ၏။

“ကြားတယ်မလား နင်လိုစာရိတ္တမကောင်းတဲ့
လူမျိုးက အခုလိုမျိုးမှတန်တာ
ဘယ် တန်ရာတန်ရာမနေချင်ဘူး
သူများအိမ်တက်နေပြီးတော့....."

~~???????????????~~ {Complete}Where stories live. Discover now