抖阴社区

                                    

“မင်းဒီလိုမထည့်ရင်တော့ တစ်သက်လုံး
ပျောက်မှာတောင်မဟုတ်ဘူး.....'

ကြွေ ဘာမှပြန်မပြောနိုင်ခင်
သူက ဂွမ်းစမှာဆေးရည်တို့ကာ
ဒဏ်ရာကိုထပ်သိပ်တာမို့ လူကဘယ်လိုမှ
မခံနိုင်ပဲ မျက်ရည်တွေပိုးပိုးပေါက်ပေါက်
ကျလာရ၏။

“မငိုနဲ့ပြီးတော့မှာ....."


သုကချော့သလိုပြောရင်း ဆေးနီမှုန့်သိပ်ကာ
ခြေထောက်ကိုပတ်တီးစည်းလိုက်သည်။
နာကျင်စပ်ဖျဉ်းနေတာက ဘာနဲ့မှ
လဲလို့မရပဲ ရှိနေ၏။

ကြွေ လက်လေးကိုမသိမသာငုံ့ကြည့်တော့
သတိထားမိတဲ့သူက ကြွေ့လက်လေးကို
ဆွဲယူကာ နီးနီးကပ်ကပ်ယူကြည့်သည်။

နာကျင်တာတွေခေတ္တမေ့ပျောက်ရင်း
ကြွေ နှုတ်ခမ်းလေးခပ်ဖွဖွကိုက်ကာ
ရင်ခုန်တာကိုတားမြစ်‌နေ၏။
ဘာကြောင့်အဲ့လောက်ခုန်နေတာလဲ??

‌အစောကပဲအော်ကြီးဟစ်ကျယ်နဲ့
စိတ်တွေတိုနေတဲ့ဦးက အခုတော့သူမဟုတ်သလိုပဲ ကြွေ့ကိုဆေးထည့်ပေးနေတာမို့
ရင်ထဲကြည်နူးမိပြန်သည်။

“ဦး ကြွေ့ကိုစိတ်မဆိုးဘူးမလား??....”


ကြားလိုက်ရတဲ့နာမ်စားကြောင့် ရန့်လက်တွေ
ရပ်တန့်သွား၏။
ဘာမှပြန်ဖြေရန်မစီစဉ်ထားတာမို့
သူတိတ်နေတဲ့အခါ သူမဘက်က
စကားသံလေးတွေရပ်တန့်သွားသည်။

ကြွေ ပြန်မဖြေတဲ့သူ့ကြောင့် ရင်ထဲ
တစ်မျိုးတော့ခံစားလိုက်ရ၏။
သူစိတ်ဆိုး‌မပြေသေးတာလား??
ဒါပေမဲ့ ကြွေ့ကိုဘာကြောင့်ဆေးတွေ
လာထည့်ပေးနေရတာလဲ??

အဖြေရှာမရတဲ့ပုစ္ဆာလို ကြွေတစ်ယောက်
ငြိမ်ငြိမ်လေးစဉ်းစားနေရင်း လက်ထဲက
ဖန်စလေးဆွဲထုတ်သွားတာ သူဆေးထည့်ပေးနေတာ ဂရုမစိုက်မိအောင်အထိ
ဖြစ်သွားရသည်။

ဆေးသေတ္တာကိုင်ရင်း ထလိုက်တော့မှ
လူကဆတ်ခနဲဖြစ်သွား၏။

“ရေမစိုစေနဲ့ .....""

ထိုမျှလောက်သာပြောရင်း အခန်းထဲက
ပြန်ထွက်သွားတာမို့ အဆုံးစွန်ထိ
မပျော်ပေမဲ့ နည်းနည်းလေးတော့
ရွှင်ပျမိသည်။
ဘာပဲဖြစ်ဖြစ် ဦးကကြွေ့ကိုနူးနူးညံ့ညံ့
ဆက်ဆံတယ်မလား??

~~???????????????~~ {Complete}Where stories live. Discover now