抖阴社区

                                    

အခန်းထဲကမထွက်တာ တစ်ရက်ကျော် ကြောင်း အစောကဦးလေးဖြစ်သူကပြောသည်။
ရန် နောက်ဆုံးမရတာမို့ တစ်ကိုယ်လုံး
အားတွေစုစည်းကာ တံခါးကိုကန်ကျောက်ပြစ်၏။

အသံတွေတဒုန်းဒုန်းထွက်လာခြင်းနှင့်အတူ
တံခါးကအနည်းငယ်တော့လှုပ်ခတ်သွားသည်။
ရန် သော့ဖျက်သမားတွေကိုမစောင့်နိုင်ပဲ
အားကုန်သုန်းကာ ကန်ကျောက်ရင်း
လက်မောင်းရိုးတွေပါ နာကျင်လာ၏။

မမှုနိုင်ပဲထုရိုက်နေရင်းနောက်ဆုံး
ဂျက်ပါကျွတ်ထွက်သွားကာ တံခါးက
လုံးလုံးလျားလျားပွင့်သွားသည်။
ညီမဝမ်းကွဲဖြစ်သူမေနေ့စွဲကအပေါ်ကို
အသည်းအသန်ပြေးလာကာ ဦးနေ့ရက်နဲ့အတူ သော့ဖျက်သမားတွေပါလာလေ၏။

“အော် တံခါးဖျက်ပြီးပြီပဲ အားနာလိုက်တာဗျာ ....."

ဦးနေ့ရက်တောင်းပန်ပြီးတာနဲ့
သော့ဖျက်သမားတွေက အိမ်ထဲကနေ
ပြန်ထွက်သွားသည်။
မေနေ့စွဲကအောက်ထပ်ထိလိုက်ပို့တာမို့
‌အပေါ်ထပ်မှာ ဦးနေ့ရက်ကျန်ခဲ့ကာ
တူငယ်လေးရဲ့အခန်းထဲဝင်လာခဲ့၏။


တစ်ခန်းလုံးပွရှုပ်နေခြင်းနဲ့အတူ
အိပ်ယာပေါ်မှာဖရိုဖရဲရှိနေတဲ့ပြိုင်ဘက်က
တကယ့်ကိုအရုပ်ကြိုးပြတ်ပုံဖြစ်နေသည်။

ဦးနေ့ရက် ဒီတိုင်းပဲကြည့်နေမိတော့
ရန်ကညီဖြစ်သူအနားပြေးသွားရင်းမှ
ခေါင်းလေးကိုပွေ့ထူကာရင်ခွင်ထဲ
တယုတယပိုက်ထားလေ၏။


“ညီ ဘာဖြစ်တာလဲကွာ ကိုကို့ကိုပြောပါအုံး
အမြဲတမ်းသန်မာနေတတ်တဲ့ကိုကို့ညီက
ဘယ်လိုဖြစ်လို့ဒီလိုအားနည်းသွားရတာလဲ??...”

မျက်ရည်မကျမိအောင်မနည်းထိန်းရင်း
သတိလစ်မတတ်မျောနေတဲ့ညီဖြစ်သူ
ကိုယ်လုံးကိုပွေ့ချီကာ ခပ်တိုးတိုး
မေးလိုက်မိသည်။

အခုမှသတိထားမိဟန်တူတဲ့ညီဖြစ်သူက
ဖျော့တော့တော့မျက်ဝန်းတွေနဲ့သူ့ကို
ကြည့်လာရင်းမှ မတတ်သာသလိုပြုံးပြကာ

“ညီလဲမဖြစ်ချင်ပါဘူးကိုကို
ဒါပေမဲ့ ဒါပေမဲ့အခုလိုဖြစ်နေတယ်သိလား....”

~~???????????????~~ {Complete}Where stories live. Discover now