အသက်ကိုတအင်းအင်းရှုရင်းရင်ဘတ်ကို
ဆွဲဆုတ်ထားကာ သူမအသက်ရှုမှန်အောင်
ကြိုးစားနေရ၏။
မေမေက သူမကြောင့်သေတယ်ဟုဆိုကာ
ဖေဖေကကြွေ့ကိုလည်ပင်းညှစ်နေတာဖြစ်သည်။
ခြောက်သွေ့လာတဲ့နှုတ်ခမ်းလေးကို
အခါခါသပ်နေပေမဲ့ ဘယ်လိုမှ
မတင်းတိမ်နိုင်ပဲ ရေပဲငတ်သလိုလို
လည်ပင်းတွေပဲခြောက်သလိုလိုခံစားရကာ
မျက်ဝန်းတွေကဘယ်လိုမှဖွင့်လို့မရ!!ပထမဆုံးတောင့်တမိတဲ့လူက
ဦးပေမံ့ သူမကိုဘယ်နှစ်နာရီအထိ
ထားပြစ်ခဲ့ပြီလဲမသိ!!
အခုကဘယ်အချိန်မှန်းလဲမသိ!!
ကြွေ့ကိုဘယ်သူမှမကယ်နိုငိဘူးလား??ဖေဖေ့ရဲ့မျက်နှာကြီးကဘီလူးသဖွယ်
နီရဲခက်ထန်ကာ ကြွေ့ကိုလည်ပင်းညှစ်ရင်း
ပါးစပ်ကမြည်တမ်းနေ၏။
အိပ်မက်ထဲမှာမို့ထင်သည် ကြွေရုန်းလို့လဲ
မရသလိုအောိလို့လဲမရ!!
ထို့အပြငိဖေဖေ့နောက်မှာလူရိပ်တစ်ခု
ပေါ်လာတာမို့ ကြွေအားကိုးတကြီး
မျက်လုံးလေးတွေငဲ့ကြည့်လိုက်တဲ့အခါ
သွေးတွေချင်းချင်းရဲနေသော မေမေ့ရုပ်အလောင်း!!!မျက်ရည်တွေလည်လာရင်းကြွေ
ထိတ်လန့်တကြားကြည့်လိုက်မိတဲ့အခါ
မေမေက သွေးတွေစွန်းနေသောနှုတ်ခမ်းတို့ကို နာကျင်စွာမဲ့ချရင်းမှ
ကြွေ့ကိုစူးနစ်စွာစိုက်ကြည့်နေ၍“နင့်ကြောင့်ပဲ ရွက်ဟောင်းကြွေ.....”
“ဟင့်အင်း မေမေ မဟုတ်ပါဘူး မေမေ
ကြွေ့ကိုမမုန်းပါနဲ့နော် ကြွေလုပ်တာ
မဟုတ်ဘူး.....”အသံတွေကရင်ဝမှာတင်တစ်စို့နေသည်။
နာကျင်နေသောလည်ပင်းကလက်ကို
ဖယ်ချချင်ပေမဲ့ ကြွေ့လက်တွေဟာ
ကြိုးတုပ်ခံထားရသလို တင်းကျပ်
ထုံကျင်နေလျက်!!!!“ကြွေ့ကိုကယ်ပါ....."
အော်သံသဲ့သဲ့လေးနဲ့မျက်ဝန်းတွေပိတ်ကာ
လက်မြှောက်အရှုံးပေးလိုက်ချိန်
လည်ပင်းကတင်းကျပ်မှုကလျော့သွား၏။
အသက်ရှုသံတွေမြန်ဆန်လာရင်း
နှလူံးကိုပုံမှန်ဖြစ်အောင်လုပ်နေစဉ်
သင်းပျံ့သောကိုယ်နံ့တစ်ခုကအနားမှာ
လှိုက်ခနဲရလိုက်တာမို့ ကြွေ့မျက်ဝန်းတွေ
ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တဲ့အခါ
ဦးဖြစ်နေခဲ့သည်။

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??19??
Start from the beginning