မျက်ဝန်းထောင့်ကမျက်ရည်ကြောင်းလေး
စီးကျသွားချိန် ဝမ်းသာလွန်းလို့
နှုတ်ခမ်းစွန်းလေးမသိမသာကွေးမိ၏။
တော်သေးတာပေါ့ဦးရယ်!!!ကူရာရတဲ့လူတစ်ယောက်နှယ်
စိတ်ကိုဒုန်းဒုန်းချလိုက်ချိန် ကြွေ့ရဲ့
အသိစိတ်တွေ လစ်မစ်မရှိအဝေးကို
လွင့်စင်ထွက်သွားသည်။
ခဏလေးတော့အနားယူပါရစေ!!!မိုးရေတွေနဲ့ရောယှက်ကာ အေးစက်နေသော
ကိုယ်လုံးလေးကို သစ်ပင်ရင်းကနေပွေ့ရင်း
ရန့်မျက်ဝန်းတွေက စိုးရိမ်ခြင်းမည်သော
အရိပ်တွေရှုပ်ရှက်ခတ်နေ၏။ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုခံစားရတာမို့
အံကိုတင်းနေအောင်ကြိတ်ထားမိကာ
သူမကိုကားဆီခပ်သွက်သွက်ခေါ်လာခဲ့မိသည်။
မိန်းကလေးတစ်ယောက်ကိုသုသာန်မှာ
တစ်ရက်လုံးထားခဲ့တဲ့သူဟာ
မရူးမိုက်ပေဘူးလား??
ပိုက်ဆံပုံပေးပြီးဝယ်ခဲ့ပေမဲ့ သူမကို
ပြောခဲ့တဲ့စကားတွေကိုအတွေးရောက်တိုင်း လူကဖျဉ်းခနဲဖြစ်ရစမြဲ!!ညီအတွက်လက်စားချေချင်ပေမဲ့
မသိစိတ်ထဲအားနာမိတဲ့သူဟာ
သူမအပေါ်ထင်သလောက်မရက်စက်နိုင်ခဲ့!!
ဘာလို့များသူမမျက်ဝန်းတွေက
အပြစ်မဲ့သူလို သန့်ရှင်းနေရတာလဲ??ရင်ထဲကမေးခွန်းနဲ့အတူ ကားပေါ်ကို
ခပ်ဖြည်းဖြည်းတင်ရင်းမှ ခါးပတ်ပတ်ကာ
သူပါမောင်းသူနေရာဝင်ထိုင်လိုက်၏။မနက်ခင်းသုံးနာရီမို့ မြူတွေဆိုင်းကာ
ရာသီဥတုကအေးတဲ့ဘက်ရောက်ချင်သည်။
စိုးရိမ်မှုကြောင့် အတ္တတွေအမုန်းတွေ
မသိတော့ကာ အေးစက်ပျော့ပျောငိးနေသော
သူမလက်တစ်ဖက်ကို ကားမောင်းရင်းနဲ့
ဆုပ်ကိုင်ထားပေးမိ၏။သူမသိခင် သံယောဇဉ်ကြိုးတွေက
ပေါက်ဖွားနေပြီလား???တရိပ်ရိပ်သန်းနေတဲ့ကားလေးက
နေအိမ်သို့မရောက်မချင်းသောကတွေ
မသေ!!
စောလွန်းတာကြောင့်ဆေးရုံခေါ်သွားဖို့မဖြစ်ကာ အိမ်ကိုပဲသွားရန်ဆုံးဖြတ်လိုက်သည်။
အိမ်ရောက်မှနွေးထွေးအောင်နေခိုင်းရမယ်!!🍂🍂🍂🍂🍂
“ဟင်း...."
ညည်းညူသံကအဆက်မပြတ်!!
ဒေါ်တိုးကြည့်နေတုန်း ကြွေက
မျက်ဝန်းတွေလှုပ်လီလှုပ်လဲ့ပွင့်လာကာ
ပတ်ဝန်းကျင်ကိုစူးစမ်း၏။
အိမ်မှန်းသိကာမှ မျက်ဝန်းလေးတွေ
ခပ်ဖြည်းဖြည်းပြန်ပိတ်သွားကာ
အိပ်ပျော်သွားပြန်သည်။

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??19??
Start from the beginning