抖阴社区

                                    

စိတ်ပြေရာသာတွေးနေပေမဲ့
တကယ်တမ်းရင်ထဲမှာတော့ ဆန့်ကျင်စွာ
ဖြစ်တည်နေလေ၏။

ကြွေဟာသူ့ကိုမထင်မှတ်ထားပဲနဲ့
အဲ့သလောက်အထိချစ်မိခဲ့တယ်!!

🍂🍂🍂🍂🍂

ဂေဟာမှာစာသင်ပြီးတာနဲ့ ကြွေ
အဝတ်အိတ်လေးဆွဲကာ အိမ်ပြန်ရန်
စီစဉ်လိုက်သည်။
ဆရာမကြီးကတော့နေရန်အထပ်ထပ်
ပြောပေမဲ့ ကိုယ့်ကြောင့်သူများ
ဒုက္ခရောက်မှာမကြည့်ရက်တာမို့
ကြွေ ပြန်ရန်ပဲတာဆူလိုက်၏။

ပြီးတော့ဆရာမကြီးခါးမှာလဲ
ခါးပတ်ကြီးနဲ့!!

“ကြွေ.......”

လှည့်ထွက်လာတုန်း ကိုလျှံက
အနောက်ကနေပြေးလိုက်လာတာမို့
ကြွေ သက်ပြင်းလေးချမိသည်။
ကိုလျှံကတော့ဆားဖြူးတော့မယ်!!

အတွေးတောင်မဆုံးသေး အနားကို
လှစ်ခနဲရောက်လာတဲ့ကိုလျှံက
လက်ထဲကအိတ်လေးကိုဆွဲယူကာ
ကြွေ့ဘေးနားကပ်လိုက်လေ၏။

“မင်းရန်ဘက်နဲ့အဆင်မပြေလို့လား??.....”

“ပြေပါတယ်......”

မဆိုင်းမတွပြန်ဖြေသံက တိုးတိတ်စွာ!!
အဆင်မပြေဘူးဆိုတာ မျက်နှာလေးမှာ
မြင်နေရပေမဲ့ သေချာအောင်သူမ
ပါးစပ်ကကြားချင်သေးသည်။
ဒီလိုလုပ်လို့ သူဟာတစ်ကိုယ်ကောင်းများ
ဆန်သွားလေမလား??

ပိုင်ဆိုင်လိုစိတ်ကတစ်နေ့တစ်နေ့
တိုးလာတာမို့ မကောင်းမှန်းသိပေမဲ့
သူမတို့နှစ်ယောက်အဆင်မပြေရန်
စဉ်းစားမိ၏။
ဒါမှသူ့အတွက်အခွင့်အရေးရှိမှာမလား??

ကြွေတိတ်သွားတော့ ကိုလျှံက
မျက်နှာလေးကိုငဲ့ကြည့်လာရင်းမှ

“ကြွေ မနေ့ကဂေဟာမှာလာအိပ်တာလေ
အခုလဲအဝတ်ထုပ်ဆွဲပြိးအိမ်ပြန်မလို့မဟုတ်လား သေချာပေါက်မင်းရန်ဘက်နဲ့
ပြသနာတက်လာတာဖြစ်မယ်
ကိုယ့်ကိုမသွေဝှက်ပဲပြောပြပါလား.....”

ပြောချင်တဲ့ပန်းတိုင်ရောက်အောင်
ဇွတ်ပြောနေတာမို့ ကြွေ
သက်ပြင်းလေးသာချကာ တိတ်ပြီး
နေလိုက်သည်။
တစ်ခါတစ်လေ ဆိတ်ဆိတ်နေခြင်းကလဲ
အကောင်းဆုံးဖြေရှင်းနည်းမဟုတ်လား??

~~???????????????~~ {Complete}Where stories live. Discover now