抖阴社区

                                    

“ကယ် ရောက်ပြီဆိုတော့ ကြွေဝင်လိုက်ပါအုံးမယ်.....”

လက်ထဲကအဝတ်အိတ်ကိုပြောင်းယူရန်ပြင်တုန်း ကိုလျှံကအိတ်ကိုအနားကို
ပြန်ဆွဲလိုက်ရင်းမှ

“ကိုယ်ပြောစရာရှိတယ်ကြွေ....."

လူကစိတ်ညစ်နေပါတယ်ဆို အခုချိန်
ဘယ်လိူစကားကိုမှမကြားချင်တော့!!
အိပ်ယာပေါ်မှာခွေခေါက်ပြီးလှဲချင်ပေမံ့
အိတ်ပြန်မပေးတဲ့သု့ကြောင့် အတတ်နိုင်ဆုံး
သည်းခံနေရ၏။


“ပြောပါကိုလျှံ ကြွေနားချင်ပြီ.....”

ရိုင်းမှန်းသိပေမဲ့ ပေါ်တင်ပြောမှရမည်...။
ကြွေ့ကိုသာစိုက်ကြည့်နေပြီးတိတ်နေတဲ့
ကိုလျှံက ထိုအခါမှသတိဝင်ရင်းမှ
လည်ပင်းတစ်ချက်သပ်ကာ

“ကို ကိုကြွေ့ကို သဘောကျနေမိတယ်....."

မျှော်မှန်းထားပေမဲ့တကယ်တမ်းကြားရချိန်
ရင်ထဲဘယ်လိုကြီးခံစားရမှန်းမသိ!!
သူဖွင့်ပြောတုန်းက ဒီလောက်မနူးညံ့ပေမဲ့
ကြွေ ရင်တွေအဆမတန်ခုန်နေခဲ့တာ!!
ဒါပေမဲ့ကိုလျှံနဲ့ကျတော့မတူဘူး....။


သေချာနှိုင်းယှဉ်တွေးရင်း ကြွေ
အဝတ်အိတ်ကိုဆွဲယူကာ တည်ငြိမ်သော
မျက်ဝန်းလေးဖြင့်

“ကြွေကအိမ်ထောင်သည်တစ်‌ယောက်ပါ
ကိုလျှံ....”

“ကိုယ်သိထားပါတယ်......”

စိတ်ထဲမှာဘယ်လိုကြီးမှန်းမသိ!!
ကိုယ်လေးစားတဲ့လူကဒီလို ဇွတ်ကျတာမို့
စိတ်ထဲနေရခက်လှသည်။
ကြွေ ကိုလျှံ့ကိုအထင်မသေးချင်ဘူး....။

စိတ်ထဲမှာသာတွေးရင်း ကြွေငြင်းရန်
စကားလုံးလှလှတွေးနေတုန်း ကိုလျှံက
လက်မောင်းတစ်ဖက်ကိုရုတ်တရက်
ကိုင်လာရင်းမှ

“ကိုယ့်ကိုအချိန်ပဲပေးပါ အိမ်ထောင်ရှိမှန်း
သိရက်နဲ့ဖျောက်ဖျက်မရတဲ့ကိုယ့်စိတ်တွေက
မင်းကိုတကယ်ချစ်လို့ပါ.....ကိုယ့်ကိုစဉ်းစားပေးပါနော်...."

ငြင်းချိန်လဲမရှိ ပြောချိန်လဲမရှိ!!
ကြွေ ကြောင်ငေးနေမိတုန်း ကိုလျှံက
နူးညံ့စွာပြုံးပြကာဖြင့်အနားက
ထွက်သွားလေ၏။
ခေါင်းထဲရောက်လာတဲ့မဆီမဆိုင်အတွေးက
သူသာအဲ့လိုကြင်နာရင်ဆိုသော!!!

~~???????????????~~ {Complete}Where stories live. Discover now