>>>>>>
“ဘာလာလုပ်တာလဲ??....."
ပျောင့်ပြောင်းခြင်းမရှိတဲ့အသံလှိုင်းက
လွန်ခဲ့တဲ့လေးနှစ်တုန်းကအတိုင်း!!
ကြွေ ဒီတစ်ခါတော့အရှုံးမပေးရန်
ဆုံးဖြတ်ထားတာမို့ ဖေဖေ့ကိုသေချာ
စိုက်ကြည့်ရင်းမှ“ကြွေ ကိုယ့်အိမ်ကိုယ်ပြန်လာနေတာဖေဖေ...."
“ဘာ....."
ပုခုံးလေးတုန်တက်သွားပေမံ့မျက်နှာကို
တစ်စက်မှမလျော့ရန်တွေးထားသည်။
ကြွေ အဲ့ဒီ့အိမ်ကိုဘယ်လိုနည်းနဲ့မှ
ပြန်မသွားနိုင်ဘူး!!!“ဟုတ်တယ်ဖေဖေ ကြွေအိမ်ပြန်လာတာ....."
ပြောပြီးအပေါ်တက်ရန်ပြင်တော့
ဖေဖေကကြွေ့အဝတ်အိတ်ကိုဆွဲယူရင်းမှ
ခုံပေါ်ပြစ်တင်ကာ“ငါ့ကိုသေချာကြည့်ပြီးဖြေစမ်းမိကြွေ
နင်ကဘယ်သူ့ခွင့်ပြုချက်နဲ့ဒီအိမ်မှာ
ပြန်လာနေတာလဲ?? သူဌေးလေးက
နင့်ကိုလာခိုင်းလို့လား.....”“ဒီကိုလာတာသူ့ခွင့်ပြုချက်မလိုဘူးဖေဖေ
သူသဘောတူသည်ဖြစ်သေ မတူသည်ဖြစ်စေ ကြွေ့သဘော ကြွေလာချင်ရင်
ညတွင်းချင်းတောင်လာလို့ရတယ်....."“ရွက်ဟောင်းကြွေ....."
ဘယ်တော့မှအာမခံဘူးတာမို့
ယခုလိုကြားရချိန် ဦးသစ်လွင်
ခံရခက်သည်။
ဒီကောင်မလေးဘယ်ကအားတွေနဲ့
သူ့ကိုခံပြောနေတာလဲ??“ဖေဖေ ကြွေ့ကိုလဲနည်းနည်းငဲ့ပါဦး
ဖေဖေတို့လိုချင်တဲ့ပိုက်ဆံတွေလဲရပြီးပြီ
ကြွေ့ကိုနည်းနည်းလေးတောင်မသနားဘူးလား...."“သနားရမယ်ဟုတ်လား ငါကနင်ကောင်းဖို့
စီစဉ်တာ ဟိုမှာနင်ဘယ်လောက်ဇိမ်ကျသလဲ
ကောင်းပေ့ဆိုတဲ့အရာတွေချည်းထိတွေ့ရတာ နင်ဘာတွေများနစ်နာနေလို့လဲ....
ပြောစမ်းပါဦးမယ်မင်းကြီးမရဲ့....."“အဟွန်းွန်း ဖေဖေပြောလိုက်ရင်ဒါပဲ
အပေါ်ယံပဲမြင်တတ်တဲ့ဖေဖေက
ကြွေ့ရင်ထဲဘာတွေခံစားနေရမလဲဆိုတာ
နားမလည်ဘူး....အဲ့အိမ်မှာနေရတာ
ဘယ်လောက်တောင်စိတ်ကျဉ်းကျပ်ရလဲ
ဖေဖေမသိဘူး ကြွေမက်တာငွေမဟုတ်ဘူး
အချစ်နဲ့ပျော်ရွှင်ခြင်းပဲဖေဖေ
မင်းရန်ဘက်ဆိုတဲ့လူက ကြွေ့ကိုလက်နှီးဆုပ်
သာသာဆက်ဆံနေတာကြွေမခံနိုင်တော့ဘူး
ဒါကြောင့် သူနဲ့ကွာရှင်းခဲ့ပြီ....."

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??21??
Start from the beginning