အထင်လွဲခံရတဲ့ကိစ္စဖေဖေ့ကိုပြောမနေတော့!
ပြောလဲ ကြွေ့ဘက်ကိုပဲအပြစ်ပုံချဦးမည်...။
ကြွေ့စကာအဆုံးဖေဖေက ဒေါသရီဝေသော
မျက်ဝန်းတွေနဲ့စူးနစ်စွာကြည့်လာရင်းမှ“ကွာရှင်းခဲ့တယ်ဟုတ်လား နင်ဦးနှောက်
မရှိဘူးလား သူလိုလူမျိုးကိုနင်က
ကွာရှင်းခဲ့တယ်ပေါ့......"ကြွေ ဆက်လဲမပြောချင် ပြောရင်လဲ
သည်းခံနိုင်တော့မှာမဟုတ်!!!
ထိုအခါမှာ ငြိမ်နေတဲ့ဖေဖေက
အသက်ရှုသံပြင်းပြင်းနဲ့ ကြွေ့အနားကို
တိုးကပ်လာရင်းမှ လက်မောင်းကိုဖိဆုပ်ကာ“ဒါဆိုနင့်ကိုလဲငါကဒီအိမ်မှာ
ခေါ်မထားနိုင်ဘူး ဒါကငါ့အိမ်
ငါ့အမိန့်ကိုမနာခံမှတော့ ငါ့အရိပ်အောက်မှာ
နင်မနေနဲ့.....”ခါးသီးစူးနစ်သောမျက်ဝန်းတွေက
ဖေဖေ့မျက်နှာထက်ရောက်သွားချိန်
ခံပြင်းသောမျက်ရည်တစ်စက်က
ပေါက်ခနဲကျသွားရသည်။
ဖေဖေရက်စက်တယ်!!“ကြွေကဖေဖေ့သမီးရောဟုတ်ရဲ့လား??....”
“ဘာ....."
“ဟုတ်တယ်လေ ကြွေတစ်ခါတစ်ခါ
ပြန်စဉ်းစားမိတာ ဖေဖေကကြွေ့အဖေ
ဟုတ်မှဟုတ်ပါ့မလားလို့တောင်တွေးမိတယ်
ဖေဖေအမြဲတမ်းခွဲခြားတာတွေ
နှိမ်ချတာတွေ!! လူကိုအရုပ်လို
ငွေနဲ့ပြစ်ပြီးရောင်းစားတာတွေ.....”စကားမဆုံးခင် ပါးပြင်ပေါ်လက်ဝါးတစ်ချက်ကကျရောက်လာပြန်သည်။
ကြွေ မျက်နှာလည်ထွက်သွားကာ
မျက်ရည်တွေတရဟောစီးကျလာပေမဲ့
အသံမထွက်ပဲနဲ့ ဖေဖေ့ရှေ့
ပါးထိုးခံပေးကာ“အမှန်တွေပြောလို့ရိုက်တာဆိုရင်
ရိုက်လိုက်ဖေဖေ ကြွေမခံစားရအောင်
တစ်ခါထဲသေတဲ့အထိရိုက်သတ်လိုက်
ဒါမှဒီလိုဝဋ်ဆင်းရဲတွေကနေကြွေလွတ်မှာ
ရိုက်လိုက်ပါ ဖေဖေ့သဘောအတိုင်း
ကြွေငြိမ်ခံမှာမို့လို့ရိုက်လိုက်......"လက်ဝါးကိုပါးပြင်ပေါ်အခါခါတင်ရင်း
ပြောတော့ ဖေဖေကရိုက်ဟန်ပြင်ပြီးကာမှ
လက်ပြန်ရုတ်ကာ တောက်ပြင်းပြင်းတစ်ချက်ခေါက်၏။ကြွေ မျက်ရည်တွေကိုခပ်ကြမ်းကြမ်း
ပွတ်သုပ်ရင်းမှ ဖေဖေ့ရဲ့ကျောပြင်ကို
ကြည့်ကာ

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??21??
Start from the beginning