抖阴社区

                                    

“ဘာအတွက်ကြောင့်ပြောမှာလဲ
ကျွန်မကိုထပ်ပြီးပြောဆိုအုံးမလို့လား......”

“အဲ့လိုမဟုတ်ဘူး ....."

“အဲ့တာဆိုဘာလဲ ကျွန်မကိုလူကြားထဲ
အော်ကြီးဟစ်ကျယ် အရှက်ခွဲမလို့လား
ရှင့်ညီကိုသတ်ခဲ့ပါတယ်‌ဆိုပြီးလေ....."

“အဲ့လိုမဟုတ်ဘူးလို့ကိုယ်ပြောပြီးပြီလေ....”

“ကျွန်မအသားကိုမထိနဲ့ ကျွန်မတို့နှစ်ယောက်က ကွာရှင်းပြီးသား ရှင့်မှာကျွန်မကို
ထိန်းချုပ်ပိုင်ခွင့်တစ်စက်မှရှိမနေဘူး....”

ပုခုံးပေါ်ကလက်ဖြူဖြူ‌ကိုမဆိုင်းမတွ
ဖယ်ချပြစ်ရင်း ကြွေ ထိုနားကလှမ်းထွက်လာသည်။
လူကိုဖဲ့ခြွေခဲ့တုန်းကဒီလိုလား??
အခုမှဘာကိုလာပြီးပြေပြေလည်လည်
ပြောချင်နေတာလဲ??

ရင်ဘတ်ထဲမှာလဲအညိမ်မနေ
ရထားတွေခုတ်မောင်းနေရင်း ကြွေ
ဖေဖေ့ကိုလိုက်ရှာတော့မတွေ့တော့!!!
အတွေးတို့ကယောက်ယတ်ခတ်နေတာဟာ
သူဘာကြောင့်ကြွေ့ကို အခုလိုလာပြီး
စကားပြောသလဲ!!
ပုံစံကနူးညွှတ်တိုးလျှိုးချင်တဲ့ပုံမျိုး!!


ထပ်ပြီးမပတ်သတ်တော့ဘူးတွေးထားတာမို့
ကြွေ စိတ်တို့ကိုဖြေလျော့ရင်းမှ
သက်ပြင်းကြီးရှုက်မိ၏။
ကြွေ လက်ခံလို့မဖြစ်တော့ဘူး
ဒီထက်ပိုပြီးနာကျင်စရာတွေကိုယ်တိုင်
မသယ်ယူချင်တော့ဘူး......။


အတွေးတို့ဖြင့်ဖေဖေ့ကိုရှာတဲ့အချိန်
ရှာလို့မတွေ့!!! ကမ်းခြေမှာလူများတာမို့
လိုက်ရှာလဲလူပဲ မူးရုံအပြင်မရှိတာမို့
ဟိုဘက်လူရှင်းသောကျောက်ဆောင်ကြီးတွေဘက်ကိုခပ်ဝေးဝေးလျှောက်လာခဲ့သည်။
အပန်းဖြေချင်လို့လာကာမှ ကြွေဟာ
ဘာကြောင့် သူနဲ့တွေ့ခဲ့ရသလဲ??

ကြည်လင်နေသောစိတ်အစဉ်က
ကန်ရေပြင်ထဲကို ကျောက်ခဲနဲ့ခပ်ပြင်းပြင်း
ပေါက်လိုက်သလို လှုပ်ခတ်နောက်ကျိသွား၏။
ကြွေဟာဒီလူနဲ့သံသရာတစ်ခွင်လုံး
ကျဉ်လည်ရမှာလား??
သူ့ရဲ့အမုန်းကွန်ထဲက ကြွေဟာ
ရုန်းထွက်ခွင့်ရနိုင်ပါ့မလား??


ချစ်သေးလားပြန်မေးကြည့်တဲ့အခါ
နှလုံးသားကသေချာသောအဖြေကိုမပေးတော့.....။
သေချာတာကတော့ သူ့ကိုကြင်နာမိတာဟာ
နာကျင်စရာတွေအဖြစ်ပြောင်းလဲသွားလို့
ထင်ပါရဲ့!!!


~~???????????????~~ {Complete}Where stories live. Discover now