ဒိအကြောင်းတွေပြန်တွေးမိတိုင်း
ကွာရှင်းခံလိုက်ရတာဟာ မနေ့တစ်နေ့ကလို
လောလောလတ်လတ်ပူလောင်ရသည်။
လူတစ်ယောက်လုံးဘဝကိုဖျက်စီးမယ်ဆိုလဲ
နည်းနည်းလေးတော့ပိုသေချာအောင်
မစုံစမ်းသင့်ပေဘူးလား??သူကရောသူ့ညီကိုသတ်ခဲ့တဲ့မိန်းကလေးနဲ့
ဘာထူးသလဲ??
သူတစ်ပါးကိုအပြစ်မရှိ
ရက်စက်ကြတဲ့ဟာတွေ!!!တွေးလေစိတ်တိုလေမို့ ကြွေ
တိုးဝှေ့လာတဲ့လေအေးတွေနဲ့အတူ
စိတ်သောကအပေါင်းလွင့်စင်စေလိုက်၏။
သောင်ပြင်ပေါ်ဆော့ကစားနေကြသူတွေက
အပူအပင်ကင်းစွာ!!!!ကြွေ လေညှင်းခံရင်းနဲ့စိတ်တည်ငြိမ်ချိန်
ကျောက်ဆောင်တွေပေါ်ကပြန်ဆင်းရန်
တွေးရင်းမှ စပန့်ဘောင်းဘီစလေးကိုင်ကာ
ခပ်ဖြည်းဖြည်းဆင်းလာခဲ့သည်။“အမေရေ......"
ကျောင်စောင်းလေးတစ်ခုအရောက်
ခြေချော်သွားတာမို့ ပြုတ်ကျမယ်ထင်ပေမဲ့
လက်မောင်းရင်းနားကနွေးခနဲဖြစ်သွားခြင်းနှင့်အတူ လူကတစ်ပတ်လှိမ့်သွား၏။ပြီးနောက်ရောက်သွားရတာက
ခပ်နွေးနွေးရင်ခွင်ကျယ်တစ်ခုထဲ!!!ဘယ်သူဆိုတာခန့်မှန်းမိလိုက်တာက
အမြဲတမ်းမပြောင်းလဲတဲ့သူ့ရဲ့
က်ုယ်သင်းရနံ့ကြောင့်!!!
ကြွေ ဖရိုဖရဲဖြစ်သွားတဲ့ဖိနပ်ကို
သေချာပြန်ပြင်စီးရင်း သူ့လက်ထဲက
ရုန်းထွက်တဲ့အခါ မလွှတ်ပေးပဲပိုတင်းတင်း
ကိုင်ရင်းမှ ကြွေ့ကိုစိုးရိမ်သလိုငုံ့ကြည့်လာကာ“သတိထားလို့မရဘူးလား မင်းကအမြဲ
နမော်နမံ့နဲ့....."“ရှင့်အပူပါလို့လား??....."
ကြွေ ခပ်ဆတ်ဆတ်ပဲပြန်ပြောမိတော့
ခေတ္တငေးသွားတဲ့သူက ကြွေ့ကိုပြန်လည်
ကြည့်လာရင်းမှ“ပါတယ် ပါလို့ပြောနေတာ....."
“ဟွန့်အရှက်မရှိ!!..ကျွန်မတို့နှစ်ယောက်
ကွာရှင်းပြီးပြီဆိုတာရောရှင့်ဦးနှောက်ထဲ
မှတ်မိသေးရဲ့လား??...."“မှတ်မိတယ် ဒါပေမဲ့မင်းကိုယ်တိုင်က
လက်မှတ်ထိုးခဲ့တာမှမဟုတ်တာ.....”

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??24??
Start from the beginning