“ရှင်လိုချင်သလိုမဖြစ်စေခဲ့တာလေ
ကွာရှင်းပြီးငွေယူရအောင် ကျွန်မက
ငတ်ပြတ်နေလောက်တဲ့အထိ ဆင်းရဲတဲ့
မိန်းမမဟုတ်ဘူး!!! အခြေအနေတစ်ခုကြောင့်
နားမှာမတော်တဆဖြစ်သွားပေမဲ့
ကျွန်မကိုတန်ဖိုးထားတဲ့သူတစ်ယောက်က
ကြားနိုင်အောင်ကူညီခဲ့တာမို့ ကျွန်မအဆင်ပြေပြေစာသင်ပြီးကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်တယ်.....ဒါကိုရှင်သိထားပါ”ဘယ်သူ့ကိုပြောတာမှန်းသိလိုက်တာမို့
ရန့်လက်တွေကမသိမသာတင်းသွားကာ“လျှံထက်ပိုင်မလား??....."
“ရှင်သိစရာမလိုပါဘူး.....”
“လိုတယ် ကိုယ်တို့နှစ်ယောက်ကအခုထိ
နှစ်ဦးသဘောတူကွာရှင်းရသေးတာ
မဟုတ်ဘူး.....”သူ့အပြောကြောင့် ကြွေ့အသွေးထဲ
တစ်ပွက်ပွက်ဆူပွက်လာရင်းမှ“အဟွန်းွန်း ပြောရဲတယ်နော် ရှင့်ပါးစပ်က
ဒီလိုအရှက်မရှိတဲ့စကားမျိုးထွက်လာမယ်လို့
ကျွန်မတစ်သက်လုံးထင်တောင်မထင်ဘူး.....”“ကိုယ်မင်းကိုတောင်းပန်ချင်တယ်
ဖြစ်ခဲ့သမျှမှာအားလုံးကကိုယ့်အမှားတွေဆိုပေမဲ့ ကိုယ့်ရဲ့သံသယကိုတူးဆွပေးတာ
မင်းကိုယ်တိုင်ပဲဆိုတာရောမသိဘူးလား....."“ဘာ...."
ခပ်မာမာအော်လိုက်မိတဲ့အခါ
သူက ကြွေ့ကိုမမှိန်မသုတ်စိုက်ကြည့်ရင်းမှ“ဟုတ်တယ် မင်းပဲလူတစ်ယောက်ကို
မချစ်ပဲနဲ့အသည်းခွဲဖူးတယ်လို့ပြောခဲ့တာလေ ဘယ်သူလို့ထည့်မပြောတာကြောင့်
ကိုယ်အထင်လွဲသွားတာ....."“အော် လူတစ်ယောက်လူံးကိုစိတ်ကြိုက်
စော်ကားပြီးကာမှ အထင်လွဲမှန်းသိတာပေါ့
တော်တော်ဩချလောက်တယ်....."“တောင်းပန်ပါတယ် ဖြစ်ခဲ့တာတွေအတွက်
ကိုယ့်ကိုခွင့်လွှတ်ပါ....."“မတောင်းပန်နဲ့ ရှင့်ကိုစိတ်လဲမတိုဘူး
စိတ်လဲမဆိုးဘူး ရှင်လိုလူမျိုးကိုမှ
ချစ်ခဲ့မိတဲ့ကျွန်မိကိုယ်ကျွန်မ
စိတ်ဆိုးတာ ဒါကြောင့်ကျွန်မမျက်စိရှေ့က
ထွက်သွားပါတော့!!....."

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??24??
Start from the beginning