အခန်းထဲမှာယောင်္ကျားတစ်ယောက်နဲ့အတူ
မမကအခုမှသတိရဟန်.....။
ကြွေလာတာမြင်တော့မှ ထိုလူကထရပ်ကာ
လက်ထဲကဖုန်းကိုကြွေ့လက်ထဲ
လာထည့်ရင်းမှ“သူကလမ်းလည်ခေါင်မှာတိုက်ခိုက်ခံရတာ
ဘာကြောင့်မှန်းရေရေရာရာမသိပေမဲ့
ဟိုဘက်ကမိန်းမကြီးနဲ့သူ့အပေါင်းပါတွေက
မယားငယ်မဆိုပြီးဝိုင်းသမနေကြတာပဲ!!
ကျွန်တော်လဲတွေ့သွားရော သူက
သတိလစ်ပြီးခွေခေါက်နေပြီ.....အခုလဲ
ခေါင်းကိုခုနှစ်ချက်ချုပ်လိုက်ရတယ်!!...."ပြောသမျှနားထောင်ရင်းမမအစားရှက်လွန်းလို့ တစ်ကိုယ်လုံးပူထူလာသည်။
လူကြားထဲဒီလိုတွေအရှက်ခွဲခံပြီးများ
သူများယောင်္ကျားကိုပတ်သတ်ရသလား??ကြွေ ထိုလူ့ကိုအထပ်ထပ်ကျေးဇူးတင်ရင်း
မမရဲ့ကုတင်နားလာလိုက်တော့
နာကျင်နေရက်ကြားကမှကြွေ့ကိုကြည့်ကာ
မျက်မှောင်ကုတ်သွား၏။“ဘာလာလုပ်ပြန်တာလဲ??....."
“ဘာလို့အိမ်ထောင်ရှိတဲ့လူနဲ့ပတ်သတ်တာလဲမမအဲ့လောက်ပဲယောင်္ကျားတွေနဲ့အတူ
နေချင်တာလား မိန်းကလေးတစ်ယောက်ရဲ့
သိက္ခာဆိုတာရောမမဆီမှာရှိရဲ့လား??.....”တွဲလိုက်တဲ့ယောင်္ကျားတွေဆိုတာ
ကြွေသိတာရော မသိတာရော ပေါင်းရင်
လက်ချိုးရေလို့တောင်ရမည်မထင်!!
ခပ်ရိုင်းရိုင်းပြောရရင် မမသစ်
အပျိုတစ်ယောက်လို့ပြောရင်တောင်
ကြွေဟာယုံမှာမဟုတ်!!!စိုးရိမ်တကြီးခပ်မာမာပြောပေမဲ့
အရှိုက်ထိသွားတဲ့သစ်က ကြွေ့ကိုဘေးနားက
ခေါင်းအူံးနဲ့လှမ်းပြစ်ပေါက်ကာ“ငါ့ကိစ္စကနင့်ောက်ပူတစ်ပြားမှမပါဘူး
အငယ်ကအငယ်နေရာလိုနေ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့....".“မပါလို့ရမလား မမသစ်ရဲ့လုပ်ရပ်တွေက
ကြွေတို့မိသားစုဂုဏ်သိက္ခာနဲ့ဆိုင်တယ်
တစ်ခါလောက်ပဲဖြစ်ဖြစ် လုံလုံခြုံခြုံနဲ့
အိန္ဒြေရှိရှိနေကြည့်ပါအုံးလား??....."“ရွက်ဟောင်းကြွေ....."
အော်ပြိးကာမှ နာကျင်သွားတာကြောင့်
ခေါင်းကိုကိုင်လိုက်တာကိုကြည့်ကာ
ကြွေ အနားကိုဖျက်ခနဲရောက်သွားရ၏။

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??25??
Start from the beginning