“ဖယ် မိန်းမယုတ်မ ငါ့ကိုမထိနဲ့....
နေရာတကာဆရာကြီးဝင်လုပ်ချင်တာ
သူ့ကြည့်တော့တစ်ပြားသားမှအရေးပါတာမဟုတ်ဘူး.....”“မမသစ်အဲ့လိုမပြောနဲ့ သူများကို
နှိမ့်ချမဲ့အစားကိုယ်ကိုတိုင်ရော
ဘယ်နှစ်ပြားလောက်တန်လဲဆိုတာစဉ်းစား
ညီအစ်မချင်းမို့စိတ်ပူပြီးပြေးလာတာ
လူကိုစေတနာပျက်အောင်လာမလုပ်နဲ့....."“အမလေး ောက်ကြီးောက်ကျယ်
နင်လိုကောင်မမျိုးဆီကစေတနာကိုယူရအောင် ငါကကျိုးကန်းနေတာမဟုတ်ဘူး...
ငါ့ဘာသာငါဆေးရုံတက်ရရုံမကလို့
သေပဲသေသေ နင့်ကိုဘယ်တော့မှ
အပူမကပ်ဘူး ပြန်လိုက်တော့......"“အဟွန်းွန်း မပူနဲ့ လာချင်လွန်းလို့လာတယ်မထင်နဲ့ ညီအစ်မဆိုတဲ့အသိကသွေးထဲမှာ
စီးဆင်းနေသးလို့ဦးနှောက်အသိညဏ်နဲ့
လာကြည့်တာ....မမသစ်သာတစ်ကိုယ်ကောင်းဆန်ပြီး ရိုင်းဆိုင်းနေတာ....
ဟိုကမယားငယ်ဆိုပြီးလုပ်သွားတာတောင်
နည်းသေးတယ် ....."“ရွက်ဟောင်းကြွေ ောက်ကောင်မ
နင်အခုထွက်သွားတော့နော်
ငါသတ်မိတော့မယ်.....”“သွားမှာ လူကမွေးပြီးလူစိတ်မရှိတဲ့
မမလိုလူမျိုးနဲ့တစ်ခန်းတည်း
အတူမနေနိုင်ဘူး....ကိုယ့်ဘာသာကိုယ်
ဆေးရုံစရိတ်ပေးလိုက်တော့ လေကြီးပြီး
ဒီလောက်တော့တတ်နိုင်တယ်မလား??? ...."ရိုင်းသည်မရိုင်းသည်မသိပဲ
စိတ်တိုသမျှပြောကာကြွေဆေးရုံခန်းထဲက
ထွက်လာခဲ့သည်။
ဘယ့်နှယ် ဒီလိုမှန်းသိရင်ထမင်းကြော်
အအေးခံပြီးလာမှာတောင်မဟုတ်ဘူး!!!၃နှစ်သာကွာပေမဲ့ အမြဲတမ်းရိုသေခဲ့တာကို
အခွင့်ကောင်းယူကာကိုယ့်ကိုချိုးနှိမ်ချင်တာ
အခုတော့မရတော့ဘူး!! ကြွေ့မှာလဲဒေါသရှိတယ် ပါးစပ်ပါတယ် အရာရာကိုသည်းခံနေတာမကောင်းမှန်းသိရင်တော့ ပြန်လည်
ချေပရမှာပဲ!!!ခပ်သွက်သွက်လှမ်းထွက်လာရင်း
ကျသမျှဆေးဖိုးကိုတစ်ပြားမှမကျန်
ရှင်းပေးခဲ့လိုက်သည်။
တကယ်ပါ လောကမှာစေတနာဆိုတာ
သွေးသားရင်းနဲ့တောင်မတန်ဘူး!!

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??25??
Start from the beginning