抖阴社区

                                    

“မဟုတ်ဘူး အဲ့တာငါရှင်းပြမယ်....."

“မရှင်းးပြနဲ့ ကိုကို့ကိုလဲမုန်းတယ်
ဟိုကောင်မကိုလဲမုန်းတယ် ကိုကိုတို့
ပျော်ပျော်ရွှင်ရွှင်နေရမယ်မထင်နဲ့....."

သူ့စကားကြောင့်ရန်က
မျက်နှာပျက်သွားပေမဲ့ ကြွေကတော့
မျက်နှာလေးကိုပင့်ချီထားကာ

“ရှင့်အိမ်မှာသူဆက်နေမယ်ဆို
ကြွေဒီမှာနေဖို့မသေချာဘူး!!.....”

မျက်နှာတည်နဲ့ပြောလိုက်တော့သူက
ပြာပြာသလဲဖြစ်သွားကာ ကြွေ့လက်ကို
ဆုပ်ကိုင်၍

“အဲ့လိုတော့မလုပ်ပါနဲ့ကြွေရယ်
ကို‌ယ်တောင်းပန်ပါတယ်နော် သူ့ကို
ဒီကနေလဲနှင်လို့မရဘူး ဒီအိမ်ကကိုယ်နဲ့သူ့အဖေကိုယ့်ဦးလေး မျှဝယ်ထားတာမို့
သူ့ကိုနှင်ချလို့မဖြစ်ဘူး....ပြီးတော့ဦးလေးကသူမသေခင်အထိ ကိုယ်နဲ့ကိုယ့်ညီကို
အဖေရင်းတစ်ယောက်လိုဂရုစိုက်ပေးခဲ့တာ"

သူ့အပြောကြောင့် ကြွေ မျက်နှာလွှဲကာ
ကုတင်ပေါ်ပြန်ဝင်ထိုင်၍ စပ်သွားတဲ့
လက်ဖဝါးကိုခပ်ဖွဖွပွတ်ချေမိသည်။
ပြီးတော့မှ သူ့ကိုပြန်ကြည့်ကာ

“အဲ့ကိစ္စကရှင့်အပိုင်း သူ့အဖေကရှင့်ကို
ကောင်းခဲ့လို့ သု့ကိုနှင်ချလို့မရဘူးဆိုပေမဲ့
ကျွန်မတို့မိသားစုကို သူ့အဖေက
ဘာကောင်းမှုမှလာပြုထားတာမဟုတ်ဘူး
ဒါကြောင့်သူ့ကိုကျွန်မကလဲသည်းခံမှာမဟုတ်ဘူး....."

“ဒါပေမဲ့ ....."

“ဆက်မပြောနဲ့ဦးမင်းရန်ဘက်
သူအစကကြွေ့ကိုဘယ်လိုလုပ်ခဲ့လဲ
မျက်မြင်တွေ့တယ်မလား?? အခုသူ့ကို
ကြွေလုပ်ထားတာ ပါးပါးလေးပဲရှိသေးတယ်....ဒါကြောင့်ရှင့်ညီမကိုစာနာရင်
ဘာမှမပြောတာအကောင်းဆုံးပဲ
ကျွန်မလဲသူ့လို ရှင်သည်းပြရင်ပိုလုပ်ချင်တယ်"

အတိအလင်းပြောတာမို့ ရန်
သက်ပြင်းချရင်းသာခေါင်းညိမ့်လိုက်သည်။
ကိုယ်တွေကသူမဘက်ကိုမှားခဲ့တာမို့
အခုအချိန် ဘာပဲပြောပြောနာခံရမည်သာ!!

“ရှင့်ကိုပြောစရာရှိတယ်!!....."

“ပြောပါ ကိုယ်နားထောင်နေတယ်....."

~~???????????????~~ {Complete}Where stories live. Discover now