抖阴社区

                                    

ရန် အလုပ်အိတ်ကိုကုတင်ပေါ်တင်ရင်းမှ
သူမဘေးနားဝင်ထိုင်လိုက်၏။
ကြာရှည်စွာလွမ်းခဲ့ရသော ကိုယ်သင်းနံ့လေးကိုအနီးကပ်ပြန်ရလိုက်ချိန် ရင်ခုန်သံတွေက
အရင်လိုပဲလန်းဆန်းခဲ့သည်။

ရန် ပြောလိုက်တော့သူမကလက်နှစ်ဖက်ကို
ပူးကပ်ဆုပ်ကိုင်ကာ သူ့ကိုလှည့်ကြည့်လာ၍

“ရှင့်ညီကိုဒီလိုဖြစ်အောင်လုပ်တာ
ဘယ်သူလဲသိသွားပြီလား??....."

ကြွေ ပြောလိုက်တော့သူ့မျက်နှာက
ပျက်ကျသွားကာ ချက်ချင်းပြန်ထိန်းရင်းမှ

“မသိပါဘူး ဘာဖြစ်လို့မေးတာလဲ??....."

သူ့အဖြေကြောင့် ကြွေ ခပ်ပြုံးပြုံးလေး
လုပ်ရင်းမှ

“ကျွန်မဒီကိုဘာကြောင့်လာတာလဲရှင်သိလား??...."

ကြွေ မေးလိုက်တော့သူကတိတ်သွားရင်း
ငြိမ်သက်နေ၏။
ကြွေ ဆက်ပြောရန်အားယူလိုက်ကာ

“ရှင့်မျက်လုံးတွေကိုကြွေ အကဲခတ်တတ်တယ်....”

စိတ်မကြည်တဲ့အချိန်မှာရှင်လို့
သုံးနှုန်းတတ်သောသူမက သု့မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်နေတာမို့
ရန် သူမကိုအကြည့်မလွှဲမိတဲ့အခါ

“မမသစ်မှန်းရှင်သိပြီးပြီမလား??....."

တစ်ချက်လှုပ်ရှားသွားတဲ့မျက်ဝန်းတွေကြောင့် သူမကရဲရဲတင်းတင်းကြည့်လာကာ

“မမမှန်းသိရင်တောင် သူ့ကိုဘာမှ
ထိခိုက်အောင်မလုပ်ရင် ကြွေဒီမှာနေမယ်
မဟုတ်ရင် အခုပဲဒီအိမ်ကထွက်သွားမယ်
နောက်လဲဘယ်တော့မှကြွေ့ကိုမြင်ရမယ်
မထင်နဲ့.....'

လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့သူ့ကိုကြည့်ရင်း
ကြွေ ခေါင်းကိုဆတ်ခနဲညိမ့်ပြကာ

“ဟုတ်တယ် ကြွေ့တုန်းကလဲ
အလဟဿအမုန်းခံခဲ့ရတာ
ဒါကြောင့်မမကိုပါထပ်ပြီးထိခိုက်သေးမယ်ဆိုရင် ကြွေရှင့်ကိုအရိုးထဲထိစွဲနေအောင်
တစ်သက်လုံးမုန်းသွားမယ်ထင်တယ်!!....."

သူမရဲ့မျက်ဝန်းအိမ်တွေထဲမှာ
အရင်တုန်းကလို မြတ်နိုးနူးညံ့ခြင်းတွေ
ရှိမနေတော့တာသူသတိထားမိသည်။
သူမစိတ်အခန့်မသင့်ရင် သူ့ကိုချက်ချင်း
ပြစ်ချသွားမဲ့ပုံ!!!
ရန် မျက်နှာကိုပွတ်သပ်လိုက်ကာ
သူမကိုပြန်ကြည့်လိုက်ရင်းမှ

~~???????????????~~ {Complete}Where stories live. Discover now