“ကောင်းပြီ ကိုယ်ကတိပေးတယ်
မင်းဘက်ကလဲကိုယ့်ကိုဖြည်းဖြည်းချငိး
ပြန်လက်ခံပါ့မယ်လို့ကတိပေးပါ!!...."တည်ငြိမ်နေသော သူ့မျက်နှာကိုကြည့်ရင်းမှ
ကြွေ အကြည့်လွှဲလိုက်မိ၏။
ဘာကြောင့်မှန်းမသိ ကြွေသူ့ကိုမယုံချင်သေးဘူး!!
ထိုအခါကြွေက မျက်နှာလွှဲရင်း
ဟိုဘက်တိုးထိုင်လိုက်တဲ့အခါ
သူကပါလိုက်တိုးလာရင်း ကြွေ့ကိုယ်ကို
ဘေးတိုက်ခပ်ဖွဖွဖက်ထားရင်းမှ“ကိုယ့်ကိုလက်မခံန်ုင်သေးဘူးလားဟင်...."
သူ့အပြောကြောင့် ကြွေ့မျက်ဝန်းတွေမှာ
ဝမ်းနည်းမျက်ရည်တွေဝေ့သီလာရင်းမှ“လက်ခံနိုင်အောင်ရှင်နေခဲ့လား??
တရားဝင်လက်ထပ်ခဲ့ဖူးလား??
ရက်ရက်စက်စက်ကွာရှင်းခံခဲ့ဖူးလား??
မဟုတ်မကတွေစွပ်စွဲခံရလား??
ကိုယ်နဲ့ယှဉ်ရင်သူများကိုကာကွယ်ပေးတဲ့
ခံစားချက်ကိုရှင်ခံစားဖူးလား??
ဒီအတောအတွင်းကျွန်မဘယ်လိုစိတ်နဲ့
ဖြတ်သန်းလာရတယ်ဆိုတာရှင်တွေးဖူးလား??
ဒါတွေကိုမခံစားနိုင် နားမလည်နိုင်ရင်
ရှင့်ကိုလက်ခံဖို့ကျွန်မကိုမတိုက်တွန်းနဲ့!!...."သူ့လက်တွေပြေလျော့သွားသည်ထင်၏။
အမှန်တရား နားခါးသည်ဆိုသလို
သူ့စိတ်တွေထွေပြားသွားသည်။
သူဟာတကယ်ကိုမကောင်းတဲ့လူ!!
သန့်စင်သောအမျိုးသမီးတစ်ယောက်ကို
စကားတွေနဲ့နင်းခြေတဲ့ တစ်ကိုယ်ကောင်း
ဆန်တဲ့လူ!!
အမှားအမှန်မခွဲခြားနိုင်ပဲ စိတ်စေရာ
လိုက်ခဲ့မိတဲ့လူ!!
တစ်ခုခြင်းပြန်တွေးရင်း သူ့လက်တွေ
လုံးလုံးလျားလျားပြေလျော့သွားကာ
သူမကိုခပ်ဖွဖွလွှတ်ပေးလိုက်သည်။“ကိုယ်တောင်းပန်ပါတယ်
မင်းနှလုံးသားကိုအေးဆေးအနားယူပြီး
အဆင်သင့်ဖြစ်မှကိုယ့်ကိုလက်ခံပါ...."ခပ်တိုးတိုးပြောရင်း ရင်ထဲက
နောင်တ အပူတွေကိုဖြေဖျောက်ရန်
ရေချိုးလိုက်၏။
ရွက်သစ်ဝေကိုလက်စားမချေတာကြောင့်
သူမအပေါ် ပိုလို့တောင်အားနားမိသည်။
မိသားစုအပေါ်သိတတ်တံ့မိန်းကလေးကိုမှ!!🍂🍂🍂🍂🍂
သူရေချိုးပြီးပြန်ထွက်လာတဲ့အထိ
ကုတင်ပေါ်မှာထိုင်နေဆဲဖြစ်တဲ့သူမက
ဖုန်းကိုကိုင်ကြည့်ရင်းမှ ဂဏှာမငြိမ်
ဖြစ်နေ၏။
ရန် သဘတ်နဲ့ခေါင်းကိုရေသုတ်ရင်း
သူမနားသွားကြည့်လိုက်တဲ့အခါ
မမဆိုသောစာလုံးလေးကအတန်းသား
ပေါ်နေသည်။
သူမစိတ်ပူနေပုံထောက်ရင် တစ်ခုခု
ဖြစ်နေလို့လား??

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??27??
Start from the beginning