ကြွေ ဖုန်းခေါ်မရလို့သောကဖြစ်နေတုန်း
နှာခေါင်းထဲတိုးဝင်လာတဲ့ဆပ်ပြာဆီနံ့
သင်းသင်းနဲ့အတူ ကျောပြင်နားက
အေးစက်စက်ခံစားလိုက်ရတာမို့
နောက်လှည့်ကြည့်လိုက်တော့ အောက်ပိုင်း
တဘက်တစ်ထည်ထဲနဲ့ခေါင်းရေသုတ်နေတဲ့
သူက ကြွေလုပ်သမျှကြည့်နေတာမို့
လူကဖျဉ်းခနဲဖြစ်သွားရ၏။“ဘာကြည့်တာလဲ??.....”
ရေစက်တွေတွဲခိုနေတဲ့ရင်ဘတ်ကို
အကြည့်လွှဲကာ ရှက်ကိုးရှက်ကန်းနဲ့ပြောတော့သူက စပ်ဖြဲဖြဲမျက်နှာထားဖြစ်သွားရင်းမှ“ဘာတွေများခိုးလုပ်နေတာလဲလို့
လာကြည့်တာလေ မရဘူးလား??...."ပြောပြီး ဘေးနားဆတ်ခနဲဝင်ထိုင်တာမို့
သူ့လက်မောင်းကရေတစ်ချို့ ကြွေ့အင်္ကျီကို
လာထိစပ်သည်။
ကြက်သီးဖြန်းဖြန်းထရင်းမှ ပူထူလာတာမို့
ကြွေ ကုတင်ပေါ်ကဖျက်ခနဲထလိုက်ကာ“ကြွေ အောက်မှာစောင့်နေမယ်
ရှင်အဝတ်လဲပြီးလာခဲ့....."ရဲတွတ်နေတဲ့မျက်နှာလေးကိုအားရအောင်ကြည့်ရင်း ခေါင်းညိမ့်လိုက်မှ သူမက
အခန်းထဲကခပ်သွက်သွက်ထွက်သွား၏။
သူမရဲ့ရှက်နေတံ့အမူအရာလေးကိုကြည့်ရင်း
ရန် ခပ်ဟဟပြုံးလိုက်သည်။
ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိဘူး!!!>>>>>>
ကြွေ အောက်ဆင်းရင်း ထမင်းစားပွဲမှာ
ထိုင်လိုက်တဲ့အထိ မမကိုဖုန်းခေါ်လို့
မရသေးပေ!!!
လူကစိတ်ပူလာပြီ....အဲ့ယောင်္ကျားက
ကောင်းမှန်းမသိ မကောင်းမှန်းမသိ!!
မတော်လို့မမကိုတစ်ခုခုလုပ်လိုက်ရင်ရော!!အတွေးတို့ဖြင့်ပူလောင်ရင်းမှ
ကြွေ ဖုန်းလေးကိုကြည့်နေတုန်း
မေတိုးက အနားရောက်လာလေသည်။“သမီးဘာစားမလဲ...."
“အဆင်ပြေရာပေါ့....."
မေတိုးကဆက်မပြောပဲနဲ့ထွက်သွားတာမို့
ကြွေ သက်ပြင်းချလိုက်၏။
ကြွေ ဘာကြောင့်သူတို့တွေနဲ့
စကားမပြောချင်တာလဲ??ခဏနေတော့သူကဆင်းလာကာ
ကြွေ့ဘေးနားကပ်ဝင်ထိုင်တာကြောင့်
နည်းနည်းတော့အို့တို့အန်းတန်းဖြစ်သွားသည်။

YOU ARE READING
~~???????????????~~ {Complete}
Romance?????????????????????? ??????????? ???????? ????????????????
??27??
Start from the beginning