抖阴社区

14-??????????? ?????????? ??????-

Start from the beginning
                                    

"မင်းက တအားကို အလုပ်ကြိုးစား‌ပေးနေတာပဲ"
ချန်ဇယ်ရှန်း က ကော်ဖီခွက်ကို ကမ်းပေးလိုက်သည်။

"ဒါ ကန်တင်းကနေ ဝယ်လာတာ စိတ်တော့မရှိနဲ့ ငါ့ကိစ္စပြီးတာနဲ့ မင်းကို ကော်ဖီဆိုင်ကောင်းကောင်းလေးမှာ ကော်ဖီလိုက်တိုက်မယ်"

"ကျေးဇူးပါ ချန်ကော"
ရှောင်ချန်လည်း ပြုံးလိုက်ပြီး လှည့်ဖွင့်သည့် မွှေတံအား ပလပ်တပ်ကြည့်လိုက်သည်။

"ဒီလောက်လေးနဲ့တင်ကို အားဖြစ်နေပါပြီ.... စိတ်မပူနဲ့သိလား... ဖုန်းဖွင့်လို့ မရခဲ့ရင်တောင် ဖောင့်ချစ်ပ်ပြားကို ဖတ်လို့ရနိုင်တဲ့ အနေအထားလောက် ဆိုရင်ကို အဆင်ပြေတယ် လိုအပ်တဲ့ ဆော့ဖ်ဝဲလ်ကို အခုပဲ ဒေါင်းလုဒ်ဆွဲထားပြီးပြီဆိုတော့ ကွန်ပျူတာနဲ့ချိတ်ဆက်ကြည့်လိုက်တာနဲ့ ကောင်းကောင်းလေး အလုပ်လုပ်ပြီ"

ချန်ဇယ်ရှန်း က ကုလားထိုင်ကို ဆွဲယူ ထိုင်လိုက်ပြီး သူတို့ရဲ့ လတ်တလော အလုပ်အကြောင်း ရုံးအကြောင်း တောင်စဉ်ရေမရများအား ရှောင်ချန်နှင့် အပြန်အလှန် စကားဖလှယ်နေလိုက်သည်။

ခဏကြာပြီးနောက်တွင် ရှောင်ချန်က စက်ပေါ်တွင် ဖောင့်ချစ်ပ်ပြားကို တင်ထားလိုက်ပြီး ပုံကြမ်းထုတ်ယူဖို့နှင့် ဒေတာများ ပြန်ဆယ်ကြည့်နိုင် မကြည့်နိုင် ကြိုးပမ်းကြည့်‌ပေးလာသည်။

သူက လက်ဖျောက်ထတီးလိုက်ပြီးနောက် ပြောလာ၏။
"ချန်ကော လာကြည့်ဦး.... ကျွန်တော်တို့ လိုချင်တာမှန်သမျှ ရှာကြည့်လိုက်လို့ ရပြီ"

"အထဲမှာ မှတ်တမ်းတွေ အကုန်ရှိတယ်လား"
ချန်ဇယ်ရှန်းက မျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။
"အဓိက စစ်ကြည့်ရမယ့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ မက်ဆေ့ချ်တွေ နဲ့ အဆက်အသွယ် လုပ်လို့ရတဲ့ အပ်ပလီ‌ကေးရှင်းတွေထဲက မှတ်တမ်းတွေ အကုန် ငါကြည့်လို့လွယ်အောင် ဖိုင်သပ်သပ် ခွဲထုတ်ပေးဦး"

"ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေက ဒီမှာ"
ရှောင်ချန် က ဖိုင်တွဲတစ်ခုကို ဖွင့်လိုက်သော်ငြား မှတ်တမ်း‌တွေ တွဲစပ်လို့မရသောကြောင့် ဖိုင်တစ်ခုလုံးမှာ ရှိနေသမျှက နာမည် မှတ်ထားခြင်းမရှိသော ဖုန်းနံပတ်အလွတ်တွေသာ ကျလာခဲ့သည်။

????????????????||???????????? ?????????????|| (Completed)Where stories live. Discover now