ရက်အနည်းငယ်ကြာပြီးသွားသည့်အခါ ပိတ်ရက်ရတုန်းခဏ ချန်ဇယ်ရှန်းမှာ ဟယ်ဝေး နေအိမ်ရှိရာ ရပ်ကွက်အတွင်း ကားပတ်မောင်းလျက် ''အမှတ်မထင် ပြန်လည်တွေ့ဆုံခြင်း' မျိုးများ ထပ်ဖြစ်လေမလား ကြံဖန်နေခဲ့တော့သည်။
အံ့ဩဖို့ကောင်းစွာ သူ ကားထဲမှ ထွက်လာချိန်တွင် မျက်စိရှေ့၌ ဟယ်ဝေး နှစ်ယောက်က ဆွဲလားရမ်းလား ဖြစ်စွာနှင့် စကားများ နေသည်အား မြင်တွေ့လိုက်ရသည်။
ဟယ်ဝေးနှစ်ယောက်ဟု ပြောလိုက်ရခြင်းမှာ ရန်ပွဲ၌ ပါ၀င်သူနှစ်ယောက်သားက တစ်ပုံစံတည်း ဆင်တူလျက်ရှိနေသောကြောင့်ပင်။
ချန်ဇယ်ရှန်းမှာ မျက်စိလျင်စွာဖြင့် ဟယ်ဝေးနှစ်ယောက်ထဲမှ တစ်ယောက်ထံတွင်မူ ညာဖက်ထောင့် မျက်လုံးအောက်၌ မျက်ရည်ခံမှဲ့တစ်လုံးရှိနေခဲ့ကြောင်း သတိထားမိသွားခဲ့၏။
ထိုသူမှာ ပို၍ အေးတိအေးစက်နိုင်လွန်းကာ နိုင့်ထက်စီးနင်းနိုင်သည့် အကျင့်စရိုက်မျိုး ရှိနေ၍ နူးညံ့သိမ်မွေ့အေးဆေးလှသော ဟယ်ဝေးဖြင့် အကွာကြီး ကွာနေခဲ့ရသည်။
ချန်ဇယ်ရှန်းလည်း ဟယ်ဝေး ပြောပြလာဖူးသည့် စကားများထဲမှ ၎င်းထံတွင် အမွှာညီတစ်ယောက် ရှိနေသေးသည့်အကြောင်း အမှတ်ရမိသွားခဲ့တော့သည်။
မဟုတ်မှ ဒီတစ်ယောက်က...?
ညီအစ်ကိုနှစ်ယောက်သားကြားက ဆက်ဆံရေးမပြေလည်ပုံမှာလည်း သိသာနေပေသည်။
လမ်းလည်ခေါင်တွင်ပင်ရပ်၍ ကိုယ်ထိလက်ရောက် ရန်ပွဲဆင်နေခဲ့လျက်။"ကျွန်တော် ဒီနေ့ ခင်ဗျားကို ကျွန်တော်နဲ့အပါ ခေါ်သွားမှာ! လာ လိုက်ခဲ့!"
"အားလု...ငါ ဒီနေ့ အရေးတကြီး လုပ်စရာလေးတွေ ရှိနေသေးလို့ပါ...
ငါ မင်းနဲ့တကယ်ကို လိုက်ဖို့ အဆင်မပြေလို့....."ဟယ်လုက မျက်မှောင်များအတင်းကြုတ်၍ ဟယ်ဝေးအား လက်မောင်းမှ အတင်းအကြပ် ဆွဲယမ်းကာ အနီးနား၌ ရပ်ထားသည့် Audi ကားအမည်းရောင်ပေါ်သို့ အတင်းအဓမ္မ တရွတ်တိုက် ဆွဲခေါ်သွားနေ၏။ ကားတံခါးကို ဆွဲဖွင့်ကာ လူကိုလည်း အတင်းအကြပ် ကားထဲသို့ ဆောင့်တွန်းထည့်နေခဲ့သည်။

YOU ARE READING
????????????????||???????????? ?????????????|| (Completed)
Mystery / ThrillerAuthor : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)