ဟယ်ဝေး လင်ဟယ့်ယွီနှင့် ဟူစုန့်ခိုင်တို့ အားလုံး တစ်ဖက်မြင်မှန် နောက်ကွယ်ကနေ ကျောက်ယန်၏ စစ်ဆေးမေးမြန်းရေးတစ်ခုလုံးအား စောင့်ကြည့်နေခဲ့ကြသည်။ကျောက်ယန်က စားပွဲခုံ၏ တစ်ဖက်ခြမ်းမှာ ထိုင်နေခဲ့ရင်း တစ်မျိုးတစ်ဖုံ စိတ်မရှည်လက်မရှည် ဖြစ်နေဟန်။
"အရာရှိကြီးတို့ ကျွန်တော့်ကို အခေါက်ပေါင်းမနည်းလောက်အောင် မေးပြီးသားပဲမဟုတ်ဘူးလား? အခုလည်း ဘာအကြောင်းပြချက် ရေရေရာရာမှ မရှိဘဲ ရဲစခန်းကို ဖမ်းခေါ်လာပြန်တယ်...ကျွန်တော်က ဥပဒေနဲ့အညီ နေထိုင်တဲ့ နိုင်ငံကြီးသားဗျ""ဘာအကြောင်းပြချက် ရေရေရာရာမှ မရှိဘဲနဲ့??
မင်းဖက်ကသာ ရိုးရိုးသားသားပဲဆိုရင် ငါတို့က မင်းကို ဘာကိစ္စ ဒီမှာခေါ်ထားမှာလဲ?"
ချုံကျန့်က စားပွဲပေါ်သို့ လက်ညှိုးဖြင့် ခေါက်လိုက်သည်။
"၀န်ခံမယ်ဆိုရင် သက်ညှာမှု ရရှိမယ် ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ဒီထက်ပို ဆိုးလာရုံပဲ ရှိမယ်""ခင်ဗျားတို့ကလည်း! ကျွန်တော် ကျောက်ရှန်း ဘယ်မှာလဲ တကယ် မသိပါဘူးဆိုနေမှ!
သူ ရှန့်ကျိုးကို လာမယ်လို့ ဆက်သွယ်ပြီးကတည်းက ကျွန်တော်တို့တွေ မတွေ့ကြတော့တာ
ကျွန်ဝောာ်ပြောတာကို ဘာလို့ မယုံကြတာလဲ?"ဟယ်ဝေးက မိုက်ခရိုဖုန်းမှ တစ်ဆင့် ပြောလာခဲ့ပေသည်။
"သူ့ကို ချောင်းရော့ဖေးအကြောင်း မေးကြည့်""မင်းက ဘာမှ မသိပါဘူးလို့များ ပြောရဲသေးတယ်နော်
ဒါပေမဲ့ ဒီ ဆင်ခြေကို သုံးပြီးတော့ တစ်ခြားသူရဲ့ကောင်မလေးကို အိပ်ရာပေါ်တော့ ရောက်အောင် ခေါ်နိုင်တယ်မလား?"".........."
ကွန်ပျူတာဖြင့် ဘေးကနေ မှတ်တမ်းယူနေသော ခယ့်ပေါ်မှာ စကားအသုံးအနှုန်းကို အနည်းငယ် နား၀င်ချိုဖို့အရေး ပြောင်းရေးထားရပေသည်။ကျောက်ယန်က ရုတ်ချည်း မျက်နှာအမူအရာ ပြောင်းသွား၍ လည်ပင်းကို ဇက်ချိုးလိုက်သေးကာ
အသံခပ်ဖျော့ဖျော့ဖြင့် ပြောလာခဲ့၏။
"ကျ ကျွန်တော်က...ဒီတိုင်း အချိန်ဆွဲထားမိရုံပါပဲ...
သူက လှလည်းလှတော့
ကျွန်တော်လည်း စိတ်မထိန်းနိုင်ဘဲ...."

YOU ARE READING
????????????????||???????????? ?????????????|| (Completed)
Mystery / ThrillerAuthor : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)