抖阴社区

Part -2 ( Zawgyi )

7.2K 64 0
                                        

အခန်းတွင်းငြိမ်သက်နေတဲ့ လေထုနဲ့ ပတ်ဝန်းကျင်ကလည်း ဆူညံ့သံတွေမရှိဘဲ နေရာအနှံ့မှာလည်း သစ်တောတစ်ခုလုံးက ဖုံးလွှမ်းထားသည်။နှစ်ထပ်သစ်သားအိမ်အတွင်းမှာ မှော်ပုလဲနက်Pheromone ရနံ့က အခန်းတွင်းမှာ လွှမ်းခြုံလို့ထားသည်။အိပ်ခန်းထဲကနေ Lewis တစ်ယောက်ထွက်လာခဲ့သည်။အိပ်ရာက နိုးလာပုံရပေမဲ့ မျက်နှာကတော့ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ရုပ်တော့မဟုတ်။

Lewisက ရေချိုးဖို့ပြင်သည်။ခြေလှမ်းခပ်ကျဲကျဲတို့နဲ့ ရေချိုးခန်းမီးကို ဖွင့်ကာ အထဲဝင်သည်။ရေချိုးခန်းထဲက ကြွေပြားများက အေးစိမ့်စိမ့်။ရေပန်းခလုတ်ကိုဖွင့်ချလိုက်တော့ ရေအေးတွေက ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းလာ၏။ရေတွေက နောက်ကျောပြင်ကျယ်ကျယ်ပေါ်ကို စီးဆင်းလျက်ပင်။

ရေမှ ရေငွေ့တွေကလည်း မှန်မျက်နှာပြင်ကို ရိုက်ခတ်နေပြီး အငွေ့တွေနဲ့ မထင်မရှား မှုန်မှုန်ဝါးဝါးသာ မြင်နေရသည်။Lewis က မျက်လုံးတွေကို မှိတ်ထားပြီး ရေကိုသာအေးဆေးချိုးနေသည်။Napoléon မျိုးရိုးဂုဏ်ကို ထိန်းသိမ်းပြီး လုပ်ငန်းတွေ ဦးစီးရပြီး Mafia လုပ်ငန်းကိုလည်း လုပ်ကိုင်ရတဲ့ အကြောင်းတွေကိုသာ ခေါင်းတစ်ခုလုံးကို ပြည့်နှက်နေသည်။

" ဟူးးး "

Lewis က သက်ပြင်းချကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ခေါင်းပေါ်က စီးဆင်းလာတဲ့ ခေါင်းလျှော်ရည်ကို မျက်စိမဝင်အောင် ဆေးချလိုက်သည်။ရေချိုးပြီးတော့ တပတ်တစ်ထည်ကို ယူပြီး ပတ်လိုက်သည်။ အခန်းထဲမှာရှိတဲ့ Bathrobe တစ်ထည်ကို ကောက်ပဆ်လိုက်ပြီး ဆံပင်ကို ရေခြောက်အောင် သုတ်နေသည်။အခန်းတွင်းမှာတော့ မှော်ပုလဲနက် Phenomenon က ပြင်းပြစွာ ထုတ်လွှတ်ထားတာကြောင့် အလန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဗီရိုထဲက မြေညိုရောင် Suit တစ်ထည်ကို ဝတ်လိုက်ပြီး နက်ကတိုင်စည်းကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။အောက်ထပ်ကိုရောက်သည်နှင့် Lewis က စိတ်ထဲကရေရွှတ်လိုက်သည်။

* ဒီနေ့ ကြီးမေမူယာသွယ် မရှိတာပဲ သူ့သားဆီသွားဖို့ကို ပြောထားတာပဲ *

Lewis က မီးဖိုချောင်ထဲကို ဝင်ပြီး ရေခဲသေတ္တာထဲက ပေါင်မုန့်အိတ်နဲ့ ယိုဘူးကိုထုတ်လိုက်ပြီး မနက်စာကိုပြင်နေသည်။Black coffee တစ်ခွက်နဲ့ ယိုသုတ်ထားတဲ့ ပေါင်မုန့်ပန်းကန်ကိုသယ်ကာ စားပွဲမှာ ထိုင်စားသည်။

?????????? ???????  ( M?FIA OF THE Midnight ){ Complete }Where stories live. Discover now