抖阴社区

Part-23(Zawgyi)??

4.2K 24 0
                                        

         [ WARNING Episode🔞⚠️ This episode is warning past and 18+ Violent texts.If you don't like it skip. ]

--- [ ဒီအပိုင်းသည် 18+စာသားများနဲ့ ကြမ်းတမ်းသော အသုံးအနှုန်းများပါဝင်တဲ့အတွက် ၁၈နှစ်အောက် ဖတ်ရှုရန်မသင့်ပါ ]———
-
-
-
-
" အ့! ငါ့ခေါင်းတွေ....အရမ်းကိုက်တာပဲ "

ပြာဝေနေတဲ့ မျက်ဝန်းအစုံနဲ့ မူးဝေနေတဲ့ ခေါင်းဟာ နေထိုင်ရခက်လာစေ၏။မြင်ကွင်းတချို့ဟာ ကြည်လင်စွာ မမြင်ရသေးပေ။ခဏအကြာ မျက်စိကို ပွင့်လိုက်ပိတ်လိုက်ပြန်လုပ်ပြီး မြင်ကွင်းပြန်ကြည်လင်လာတော့မှ အားယူဖွင့်လိုက်သည်။

အခန်းတစ်ခုထဲရောက်နေတာကို သတိထားမိပြီး ဝေ့ဝိုက်ကြည့်လိုက်တော့ ပြတင်းပေါက်တစ်ခုဟာလိုက်ကာကြားမှ အလင်းဖြန့်ကျဲ့ရင်း~~

" မနက်တောင် ရောက်နေပြီလား... "

ခေါင်းကိုတစ်ချက်နိုပ်လိုက်ပြီး ဇေဖြိုးသတိထားမိလိုက်တာက သူအခုတစ်စုံတစ်ယောက်ရဲ့ အိပ်ခန်းထဲရောက်နေပြီး သူအိပ်ရာတစ်ခုကနေ နိုးထလာ
သည် ဆိုတာကိုပင်။

လန့်ဖျပ်ပြီး ကမန်းကတန်းချက်ချင်းအိပ်ရာပေါ်ကဆင်းကာ ထွက်ပြေးဟန်ပြုလိုက်ပေမဲ့...

* ချွင် ချွင်...!! *

" အ့! ဒါ...ဒါကြီးက... "

ကုတင်ပေါ်ကဆင်းပြီး မျက်စိရှေ့မှာမြင်နေရတဲ့ တံခါးဆီ ပြေးဖို့ကြိုးစားလိုက်ပေမဲ့ သူ့ခြေထောက် ကို ဟန့်တားထားတဲ့ အရာတစ်ခုကြောင့် ချော်လဲကာဖင်ထိုင်ရက် ပြုတ်ကျသည်။

  ချော်လဲတာနဲ့ တစ်ပြိုင်နက် ခြေထောက်မှာ ချုပ်နှောင်ထားတဲ့ ငွေရောင် သံကြိုးရဲ့ လက်ထိပ်လို
ကွင်းဟာ ခြေချင်းဝတ်မှာ ရစ်ပတ်ထားရင် မြေပြင်နဲ့ ထိရိုက်မှုကြောင့် တချွင်ချွင်မြည်လာ၏။

သံကြိုးကွင်းတစ်ဖက်က ခြေချင်းဝတ်မှာ ချုပ် ထားလျက် ကျန်တဲ့ ကွင်းတစ်ဖက်ကို ခုတင်ရဲ့ခြေတိုင်မှာတပ်ဆင်လို့ထားသည်။

  ခြေထောက်တွေကလည်း ထုံကျင်ကိုက်ခဲနေပြီး မနည်းအားပြုကာ လမ်းလျှောက်ရသည်။ကြိုးရဲ့အရှည်က ၅ပေနီးပါးခန့် ရှည်၏။အခန်းပြတင်း
ပေါက် လိုက်ကာကိုဖယ်လိုက်တော့ နေရောင်ခြည်နွေးဖြာဖြာဟာ မျက်နှာကို လာရောက်ထိရိုက်၏။

?????????? ???????  ( M?FIA OF THE Midnight ){ Complete }Where stories live. Discover now