抖阴社区

??????? ?(unicode)

1K 25 2
                                    

စာသောက်ဆိုင်တစ်ခုတွင် ဒုန်း ....ခုံကိုကျယ်လောင်စွာထုလိုက်ကာ

"ကုန်ကြမ်းလို နေပြီ....ကုန်ကြမ်း ကူရှာပေးကြပါအုန်း သူငယ်ချင်းလေးတို့ရယ်"

ထိုင်ခုံပေါ်တွင်စိတ်မပါသလိုထိုင်တာ ပါးစပ်မှ ပွစိပွစိ ပြောနေသော ပန်းသဒ္ဒါေမာင္ တက်သစ်စ စာရေးသူလေးဖြစ်တဲ့အပြင်ငယ်ငယ်ရွယ်ရွယ်နဲ့ လူငယ်ပရိသတ်များစွာကိုပိုင်ဆိုင်ထားသူဆိုလည်း မ မှားပေစာရေးဆရာမတစ်ယောက်ဖြစ်ပေမဲ့အသက်25သာရှိသေးပြီး မိဘရဲ့အရိပ်အောက်မှာ ရှိနေသူဖြစ်သည် မိဘနှစ်ပါးက အနုပညာအလုပ်ကိုအားမပေးသော်လည်း အစ်ကိုဖြစ်သူ မင်းမျိုးခန့်က တစ်ဦးထည်းသောညီမလေးဘက်က အစွမ်းကုန်ရပ်တည်ပေးသဖြင့် အခုလို ဝါသနာပါရာကို လုပ်နိုင်ချင်းပေ

"ပြောစမ်းပါအုန်း သဒ္ဒါရယ် နင်က ဘာ ကုန်ကြမ်းကိုလိုနေတာ
နင်ကုန်ကြမ်းလိုတယ်ဆို ငါလန့်လာပြီ ဟိုတစ်ခါ ကုန်ကြမ်းလိုတယ်ဆိုပြီး ဖဲဝိုင်းမှာ ဖဲထိုင်ရိုက်လို့နင့်အဖေ အပစ်ပေးထားတာ မေ့နေပြီလား"

"အဲ့ဒါက ကြာခဲ့ပါပြီဟာ အခုအဲ့လိုပေါက်ကရတွေမလုပ်တော့ပါ
အခုက ဒီလို နန်းရဲ ့ငါ တို့အခု ခေတ်မှီတိုးတက်နေပြီဆိုတော့
ငါလည်းခေတ်ရေစီးကြောင်းအလိုက် LGBT
ဝတ္ထုကို ငါအနေ GL ပုံစံလေးနဲ့ကြိုးစားကြည့်ချင်တယ်ကွာ နင်သိတယ်မှတ်လား ငါက ကိုယ်တိုင်ကြုံ တွေ့ရတာကိုမှ ရေးရတာ အာနိသင်ရှိတာဆိုတော့......"

" ဆိုတော့ ဆက်ပြောပါအုန်း"

"ဆိုတော့ ....လိုနေတဲ့ ကုန်ကြမ်းက ရည်းစားချောချောလေးပဲ"

"ဘုရား...ဘုရားနင်မဟုတ်မှလွဲရော နင်ရည်းစားကို ကောင်မလေးထားတော့မယ်လိုတော့မပြောနဲ့နော်"

"စိတ်မကောင်းပေမဲ့ နန်းမြင့်မိုရ်ရယ် အဖြေက မှန်ပါတယ်"

နန်းမြင့်မိုရ်တစ်ယောက်မျက်လုံးတွေပါတွေပြူးကာ

"နင်မဟုတ်တာမလုပ်ပါနဲ့ဟာ ရည်းစားတောင်သေချာမထားဘူးသေးဘဲနဲ့ ကောင်မလေးဆိုနင်နဲ့ပိုဆိုးတာပေါ့ဟာနင့် ပုံစံက ဂျစ်ကန်ကန် နဲ့ပြောလို့လည်းနားမထောင်လုပ်ချင်ရာလုပ်ပြီးရင် နင်မဟုတ်တဲ့အတိုင်း မဖြစ်ဘူး မဖြစ်ဘူး သဒ္ဒါ နင့်အဖေ တွေ အမေတွေသိရင်လည်းလက်ခံမှာမဟုတ်ဘူး"

A love songWhere stories live. Discover now