ဝိုင်တို ့ ဆိုင်တွင် ဂစ်တာအသစ်များရောက်လာသဖြင့် အလုပ်အမားတို့ ဖြင့်အလုပ်ရှုပ်နေတော့သည် ထို့ ပြင်ဆိုင်အပြင်အဆင်ကိုလည်း ပြောင်းလည်းလိုက်သဖြင့် အနည်းငယ်အလုပ်ပိုသွားသည် ဝိုင္
ဝင်ဝင်အဝတွင် ပန်းအိုးလေးများ ချထားပြီး အထည်းတွင်လည်း နံရံကပ် အပင်သေးသေးလေးများ လည်း ထပ်မံထည့်လိုက်သည်
နံရံကပ်စက္ကူကို အစိမ်းနုလေးသုံးကာ ဘေးတွင် ဂစ်တာအမျိုးအစားတူသည်ကို ချိတ်ထားသည် ဆိုင်ထဲဝင်သွားသည်နှင့် သစ်တောသေးသေးနဲ့ ပင် တူသွားသည်ဆိုင်၏အလယ်ထောင့်ဘက်တွင် Counter table(ကောင်တာစားပွဲ)လေးရှိတာ သူ၏ အရှေ့ တွင် Sofa chair(ဆိုဖာထိုင်ခုံ) များကို မျက်နှာချင်းဆိုင် အဝိုင်းပုံ ချထားသည်။
"ဝိုင် ဒီနေ့ လာပါကွာ ငါနင့်ကို မျှော်နေတာကြာပြီ"
ဖုန်းဆက်ခေါ်တာ အားမရလို့ ဆိုင်ထိ လာ၍နှောက်ယှက်သည့် လင်းနောင်ပင် ဖြစ်သည်
"လင်းနောင် မျှော်နေပေမဲ့ တို့ မှ မအားဘဲ ဘယ်လို လုပ်မလဲ"
"နောက်နေ့ ငါလာကူပေးမယ်လေ နော် နော် သူငယ်ချင်းလေးရယ်"
ဝိုင့်ထံမှ ခပ်စူးစူးမျက်ဝန်းတို့ နှင့် လင်းနောင်ရင်ဆိုင်လိုက်ရသည်။သူငယ်ချင်းဆိုပေမဲ့ လင်းနောင် နဲ့ ဝိုင်တို့ က အသက်ကွာသည် လင်းနောင်မှာ ၂၃နှစ်သာ ရှိသေးသော်လည်း ဝိုင်မှာ ၂၉နှစ်ရှိပြီ ဖြစ်သည်
"အင်းဟုတ်ပြီ ဒီတစ်ခါထည်းနော် အဲ့ဒါ ဝိုင်ဟိုတစ်ခါ ပြင်ဦးလွင်သွားတုန်းက လိုက်ပို့ ခဲ့ လို့ ကျေးဇူးပြန်တင်တဲ့ အနေ နဲ့ "
လင်းနောင်တို့ ပြုံးဖြီးကာ
"ဝိုင် ရယ်နောက်တစ်ခါသွားရင် ငါ့ကိုပြောနော် ငါလိုက်ပို့ မယ်သိလား ဟီးဟီး "
ဝိုင့်ထံမှ အကြည့်စူးစူးတို့ နှင့်မဟုတ်တော့ ဒီတစ်ခါ မျက်စောင်းတိုဟ့နှင့် ရင်ဆိုင်လိုက်ရသည် ဒါလည်းလင်းနောင်တို့ မ မုပါ ဒီနေ့့ည ဝိုင် သီချင်း လာဆိုတော့မည်မဟုတ်ပါလား တစ်ခါတစ်လေမှမြင်ရသည့် ဝိုင့် အလှတို့ ကို မြင်ရတော့မည် ဖြစ်သည်။

YOU ARE READING
A love song
Romance??? ???? ??????? ???????????? ??????????????????? ??????? ?????? ???????? ??? ??? ???????? ???????????? ??????????????????? ??????? ????? ?????????