အိမ်၏အငယ်လေးများဖြစ်ကြသော အညိုနှင့်အခိုင်တို့ ဒီအိမ်ကြီးတွင်မရှိတော့သောအခါ အိမ်ကြီးသည် ခြောက်ကပ်တိတ်ဆိတ်၍နေလေသည်။ဖေဖေသည်လည်း သူ၏စီးပွားရေးများကြပ်တည်းမှုကြောင့် အိမ်တွင်မရှိသည်ကများ၏။မနွယ်ကလည်း ကလေးမီးဖွားပြီးသည်နှင့်ကိုရာဇာအလုပ်ရှိရာမြို့ကိုသာလိုက်သွားခဲ့သည်။
ယခုထိတိုင် ညီမဖြစ်သူ အခိုင်လေးနှင့်သားလေး အညိုတို့၏သတင်းအား ဘာတစ်ခုမှမသိရပါ။ကိုယ်လုပ်ခဲ့သည့် အပြစ်များသည်သားလေးအတွက်လွန်စွာထိခိုက်သွားပုံရသည်။ဘဝတွင်သားစီမှ အမေဆိုသည့်စကားသည်အကြားချင်ဆုံးစကားပင်ဖြစ်၏။
……………………………………………………
“ကျွန်တော်တို့တိုင်ပင်ထားတဲ့ ကုန်ကိစ္စအတွက်ကျွန်တော် အရင်းအနှီးမထုတ်ပေးနိုင်တော့ဘူး”
“ဘယ်လို...ဒါကလေးကစားနေတာမဟုတ်ဘူးနော် ဦးမင်းခေါင်”
“ကလေးကစားနေတာမဟုတ်လိူ့ပေါ့ဗျ…ကျွန်တော်ကြားရသလောက် ခင်များလည်းအခုရက်ပိုင်းအလုပ်တွေအဆင်မပြေဘူးဆို…အကယ်၍ဒီအလုပ်သာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်မှာဘာအာမခံချက်ရှိလို့လဲ”
“မင်း...မင်းကဒီလိုအဆင့်ရောက်လာတော့ ငါ့ကိုအာခံတာလား…မင်းအခုလိုအဆင့်ရောက်လာတာငါ့ကြောင့်ဆိုတာမမေ့နဲ့”
ဦးမှိုင်းသာတစ်ယောက် ဒီရက်ပိုင်းတွင်အလုပ်အဆင်မပြေမှုများစွာကြုံတွေ့နေရသည်။လူတစ်ယောက်အဆင်မပြေမှုကြုံလာပြီဆို တစ်ခုပြီးတစ်ခုရောက်ရောက်၍လာသည်။ယခုတွင်လည်း ဆန်၊စပါးကူးသန်းရောင်းဝယ်ရေးအတွက်တိုင်ပင်ထားသည်မှာပျက်ရပြန်ပြီ။ဦးမှိုင်းသာတစ်ယောက် စိတ်အဆင်မပြေမှုများစွာနှင့်အတူ အိမ်သို့ပြန်ခဲ့ရ၏။
အိမ်သို့ရောက်ချိန်တွင် အိမ်၌အိမ်အကူမှလွဲ၍မည်သူမှရှိမနေခြင်းကြောင့် ပို၍ဒေါသထွက်မိ၏။စိတ်၏ပြင်းထန်မှုများကြောင့် ခြေလှမ်းများပင်ကျဲ၍လာခဲ့သည်။ဦးမှိုင်းသာထိုခြေလှမ်းကျဲများဖြင့် မိမိ၏အိပ်ခန်းကိုသာဦးတည်လာခဲ့၏။အိပ်ခန်းထဲ၌ မြင်မြင်သမျှပစ္စည်းအားလုံးကိုပေါက်ခွဲနေမိတော့သည်။

YOU ARE READING
???????????????????? (Completed)
Romance?????????????????? ???????????????????????????? ??????????????????