抖阴社区

??????? ?? (Final)

10.8K 264 5
                                    

ဘွားဘွားဆုံးသွားခဲ့သည်မှာ တစ်လကျော်သွားခဲ့ပါပြီ။အညို အညို့မေမေကို အညို့မေမေအဖြစ်လက်ခံနိုင်ခဲ့ပါပြီ။အညိုစီသားလေးရောက်ခဲ့ခြင်းသည် မေမေရဲ့ခံစားချက်များကိုနားလည်စေနိုင်ရန်နတ်များကပို့လိုက်သလားပင်အောင့်မေ့ရသည်။ယခုမေမေသည် လူ့ဘဝကြီးအားစိတ်ကုန်သွားကာ လူ့ဘဝကြီးကိုစွန့်လွှတ်ပြီး ဆရာလေးအပြီးအပိုင်ဝတ်သွားလေပြီ။

ယခုတွင်အညိုနှင့်ကိုမော်သည် မေမေ့အား  လိုအပ်သည်များကို သွားရောက်လှူဒါန်းရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

“ကိုမော်လှူစရာပစ္စည်းတွေစုံမစုံစစ်ပါအုံး”

“အေးအေး”

အညိုပြုံးမိသည်။ယခုလိုချစ်ရတဲ့သူနှင့်တစ်သက်လုံးအတူတူနေသွားရလိမ့်မည်ဟု အညိုတစ်ခါမှမတွေးမိခဲ့ပါ။ယခုအညို့တွင်အရမ်းချစ်စရာကောင်းတဲ့သားလေးလည်း ရှိနေလေပြီ။

“အညိုရေသွားစို့လေ”

“ဟုတ်”

ဘွားဘွားဆုံးပြီးတော့ ဒီအိမ်ကြီးအားအညို့ကိုလွှဲပြောင်းပေးခဲ့သည်။မိဘပစ္စည်းမိဘသေရင် သားသမီးရတယ်ဆိုပေမယ့် သားသမီးများဖြစ်တဲ့ ဒေါ်လေးခိုင်မှာလည်းဆုံးပါးသွားခဲ့ပြီ။အညို့မေမေမမြိုင်မှာလည်း ဿသနာ့ဘောင်အပြီးဝင်သွားခဲ့သည်။မနွယ်ကလည်း သူ့တွင်အရာအားလုံးပြည့်စုံနေပြီဖြစ်သဖြင့် အညို့အားလွှဲပေးခဲ့သည်။

“သွားကြတော့မလို့လား”

“အယ်...ဒေါ်လေးနွယ်အိမ်လည်လာတာလား”

ဒေါ်လေးနွယ်နှင့်လည်းအညိုပြေလည်သွားခဲ့ပြီဖြစ်၏။အညိုအရင်များကကိစ္စကိုပြန်စဉ်းစားမိတော့ တကယ်တော့အညို့အတ္တရှိခဲ့မိတာပါ။ယခုတော့အဲ့အတ္တကိုအညိုဖယ်ရှားနိုင်ခဲ့ပြီ။

“မဟုတ်ဘူးလေ...ဒီနေ့အညိုတို့ဆရာလေးစီလိုအပ်တာသွားလှူမလို့ဆို…အဲ့ဒါအတူတူလိုက်မလို့လေ”

“ဟုတ်တယ်...မင်းဒေါ်လေးက ဒီကိုသွားမယ်ဆိုပြီးမနက်ကတည်းကနားပူနားဆာလုပ်နေတာဟေ့”

ကိုရာဇာနဲ့အညို့အကြောင်းအားလုံးကိုကိုမော့်အားပြောပြခဲ့သည်။ကိုမော်ကအညို့ကိုစကားတစ်ခွန်းပြောခဲ့သည်။

???????????????????? (Completed)Where stories live. Discover now