抖阴社区

?????????

1.5K 108 5
                                        

ကတိုက်ကရိုက်နှင့် ရောက်လာခဲ့သော Scotland ခရီးစဉ်။

လေဆိပ်ကထွက်လာပြီး hotel သွားတဲ့လမ်းတစ်လျှောက်မှာ Jennie ဟာမျက်နှာတည်ကြီးနှင့်မို့ Lino ခြေဖျားလက်ဖျားအေးနေသည်။

Hotel lobby ထဲရောက်တော့ reception မှာ အခန်းယူပြီး ထွက်လာခဲ့ကြတယ်။

Lino ဟာအထုပ်တွေသယ်ရပြီး Jennie ဟာ ဒေါက်ဖိနပ်လှလှလေးနဲ့ ကြွကြွရွရွလှမ်းလျှောက်လာသည်။

အခန်းထဲရောက်တော့ အထုပ်သယ်ရတဲ့ Linoထက် အရင်ငြီးတွားနေပြန်သည်။

   "အမလေးနော် ပင်ပန်းလိုက်တာ"

ဪ တရားကျစရာကောင်းလိုက်တဲ့ မိန်းမ။ဒါပေမဲ့မပြောရက်တဲ့လူမို့ခက်တယ်လေ။

"ရေသောက်ပြီး ရေချိုးပြီး နားပါလားJennie ကျွန်မ Hotel ကနေ စားစရာတခုခုမှာပေးမယ်"

  "အင်း အဲ့လိုကအဆင်ပြေတယ်"

   "အင်း"

Jennie ရေချိုးခန်းဝင်နေတုန်း Lino အထုပ်တွေကိုနေရာချသည်။reception ကိုဖုန်းဆက်ပြီးစားလို့အဆင်ပြေမယ့်ဟာမှာလိုက်ပြီး အိတ်ထဲကနေ Dryer ကိုထုတ်ယူကာ အသင့်တင်ထားလိုက်သည်။

ရေချိုးတိုင်းခေါင်းမလျှော်ရမနေနိုင်သော Jennie အကြောင်းကိုသိထားပြီးပြီမို့။

  "ချောက်"

ရေချိုးခန်းတံခါးပွင့်လာတော့ Lino အမှတ်မထင် လှည့်ကြည့်မိလိုက်သည်။

အားပါးပါး....ရှိသမျှဘုရား အကုန်ဆင်းလာပြီးတရားချရင်တောင်မကျွတ်နိုင်စရာအနှောင်အဖွဲ့ပဲ။

Towel ပဲပတ်ထားတဲ့ Jennie ဟာ ရင်သား‌မို့မို့တွေကို မဖုံးနိုင်လို့လျှံ‌ နေသလို ပန်းနုရောင်အနားသတ်နယ်မြေရဲ့ ပိုင်နက်အစ ပေါင်ရင်းထိအောင်မြင်နေရတဲ့ အတိုင်းအတာ။ခေါင်းလျှော်လာလို့ ဆံပင်လေး‌ တွေကနေ တွဲလွဲခိုဆင်းလာတဲ့ ရေသီးလေးတွေက ရင်နှစ်လွှာကြားထဲ ကျနေပုံဟာ Lino ကို လေမတိုက်ဘဲ အာခေါင်ခြောက်စေသည်။

???? ?? ??? ?? ???Where stories live. Discover now