抖阴社区

??????????

1.6K 148 16
                                        

Lino အလုပ်တွေသာလုပ်နေတာ ဟန်းဂုပြန်ချင်စိတ်ကတဖွားဖွား။

Jennie နဲ့ခွဲလာရတာ ဘာလိုလိုနဲ့ လေးလကျော်နေပြီမလား။အရမ်းလွမ်းနေပါပြီ။အခုဆို ကိုယ်ဝန်ကလည်း ငါးလလောက်ဖြစ်ပြီဆိုတော့ ဗိုက်ကလေးကပူနေပြီပေါ့။

   " Hi Jennie"

MacBook screen မှာမြင်နေရတဲ့ Jennie ဟာ Lino. ကိုလက်ဝါးပြန်ရွယ်ပြသည်။ဟုတ်တယ် လွမ်းလို့ V call ခေါ်လိုက်တာပါ။

     "ဘာလို့ ရန်လိုနေပြန်တာလဲ Jennie"

      "မင်းကအရမ်းအားနေတာလား ငါအလုပ်လုပ်နေတာလေ"

     "ကျွန်မအိပ်ခါနီးမို့ သတိရလို့ခေါ်လိုက်တာပါ Time zone ဟနေတာမေ့သွားလို့"

   "မေ့နေလိုက် ငါနဲ့ကလေးကိုပါမေ့လိုက်"

    "အဲ့တာကတော့မဖြစ်ဘူးလေနော် ကျွန်မရဲ့ အသက်နဲ့ အသည်းလေး ဆိုတော့"

    "ပြောင်တိပြောင်ချော်နဲ့"

   "ထိုင်ပြီးအလုပ်ကြီးပဲလုပ်မနေနဲ့ ရေ‌ေလးဘာလေးသောက်  အညောင်းမိမယ် ကိုယ်ဝန်သည်ကအညောင်းမိလို့မရဘူး"

     "အဲ့တာဆို မင်းမြန်မြန်ပြန်လာပြီး အလုပ်လုပ်လေ အဲ့မှာ မဖြစ်စလောက်အလုပ်ကလေးကို အချိန်ဆွဲလုပ်ပြီး အချောင်မခိုနဲ့"

တကယ်က Jennie လည်းလွမ်းလို့ပါ။မကြာခဏ V call တော့ပြောဖြစ်ကြပေမဲ့ မတွေ့ရတာငါးလနီးပါးရှိတော့မယ်။

Lino ဟာ ကူးချည်သန်းချည်မလုပ်တော့ဘဲ အလုပ်တွေတစ်ခါတည်းသိမ်းကြုံးလုပ်ပြီးတစ်ခါတည်းပြန်လာမယ် ကလေးနဲ့ကိုယ့်အနားနေချင်ပါတယ် လို့ ပြောလို့ Jennie က ခေါင်းညိမ့်လိုက်တာပါ။

အဲ့တော့ အပြင်မှာမတွေ့ရတာကြာနေပြီလေ။


     "မချောင်မခိုပါဘူး မြန်မြန်ပြန်လာချင်လို့ကြိုးစားလုပ်နေပါတယ် ဒါနဲ့ဘယ်နေ့ရက်ချိန်းလဲ သမီးလေးကောင်းကောင်းဖွံ့ဖြိုးနေတယ်တဲ့လား"

အင်း ပြီးခဲ့တဲ့နှစ်ပတ်က ရက်ချိန်းပြရင်း ultrasound ရိုက်တော့ သမီးလေးဆိုတာသိခဲ့ရသည်။Lino ဆိုပျော်လို့ ခြေမကိုင်မိလက်မကိုင်မိ။

???? ?? ??? ?? ???Where stories live. Discover now