တအားကြီးစိုက်ကြည့်တာခံရတော့လည်း Jennie ရင်ထဲ ဖိုးသိုးဖပ်သပ်ဖြစ်လာသည်။ဘယ်လိုပဲ ခန္ဓာချင်းရင်းနှီးခဲ့ပါစေ ဒီလို မျက်လုံးမျိုးနဲ့ကြည့်တာကျ လွန်တယ်မဟုတ်ဘူးလား။
"မျက်လုံးကြီးလည်း ငါ့လာမှန်ပါဦးမယ်"
ရှက်တဲ့စိတ်ကိုသိုသိပ်ဖုံးဖိပြီး တမင်ဟောက်ပစ်လိုက်တာ။
"အာ ...မကြည့်သင့်ဘူးဆိုတာသိပေမဲ့ ကျွန်မဇနီးကပြုစားလွန်းတယ်လေ ဘာလို့အဲ့လောက်လှနေတာလဲ Jennie ကျွန်မ ရူးမသွားအောင်မနည်း အသိစိတ်ကို တစ်ဖက်ကမ်းကနေလက်ပစ်ကူးခေါ်နေရတယ်"
"အပိုတွေ"
ရင်ထဲကအမှန်အကန်ကို "အပိုတွေ"ဟူသောစာသုံးလုံးနဲ့ပစ်ပေါက်ခံလိုက်ရတာမို့ Lino ရင်ထဲအောင့်သက်သက်။
"ကျွန်မ စပါကတီ ပဲမှာထားတယ် ပင်လယ်စာနဲ့ အဆင်ပြေတယ်မလား Jennie "
"သိပ်မကြိုက်ပေမဲ့ စားပါတယ်"
ခေါင်းကိုDryer မှုတ်ဖို့ပြင်နေသော အလှနတ်ဖုရားမရဲ့လက်ထဲကနေ Dryer ကိုဆွဲလုကာ
"ကျွန်မလုပ်ပေးမယ်"
တယုတယနဲ့ဆံသားတစ်ချောင်းချင်းစီတိုင်းကို စိတ်တိုင်းကျ ဘီးနဲ့သပ်ကာ Dryer ကို စိတ်ရှည်လက်ရှည် မှုတ်ပေးသည်။
လက်ကDryer ကိုမှုတ်နေသော်လည်း စိတ်ထဲကတော့ Jennie ကိုမှုတ်........အဲ ငါဘာတွေလျှောက်တွေးနေတာလဲအသိကပ်စမ်းLino။အသိတရားကပ်စမ်းပါ။
အတင်းစိတ်နဲ့ကိုယ်နဲ့ ကပ်နေတဲ့ရတဲ့အချိန်ကြားလိုက်ရတဲ့ အခန်းတံခါးခေါက်သံကြောင့်Dryer ကို Jennie လက်ထဲသို့ပြောင်းပေးလိုက်ပြီး Lino ထကြည့်လိုက်တော့
"မှာထားတာတွေလာပို့တာပါ ခင်ဗျာ""ကျေးဇူးပါပဲ ဒီကိုပေးပါ"
ဟိုတယ်ဝန်ထမ်းလေးပြန်ထွက်သွားတော့ Lino အခန်းတံခါးကိုပိတ်လိုက်သည်။
Jennie ကတော့ အဝတ်အစားတောင်ဝတ်ပြီးနေပြီ။
"Jennie ကျွန်မရေချိုးလိုက်ဦးမယ်နော် ခဏလေးစောင့်အတူတူစားမယ်"

YOU ARE READING
???? ?? ??? ?? ???
Fanfiction????????????? ???????????????????? ???????????????????????????? ..... ?????? ????????????? ???????????????????????? ...
?????????
Start from the beginning