抖阴社区

Ch-2 (The Relay Race )

1K 126 2
                                        

မနက်ခင်းစောစောချိန်တွင် လေအေးများတိုက်ခတ်မှုကြောင့် ဝန်နူးရဲ့နှာခေါင်းထိပ်လေးရဲနေပြီ။ နာရီလှမ်းကြည့်တော့ ၅နာရီခွဲ။ အခန်းထဲက ပြတင်းပေါက်ကို ပိတ်ဖို့အသွား အနွေးထည်ထူထူကို ကောက်ဝတ်လိုက်ရသည်။ ဝန်နူးသည် အအေးလုံးဝမခံနိုင်။ အခန်းတွင်း Heater ကိုမြှင့်လိုက်ပြီး စာကြည့်စားပွဲတွင် မမြန်ပြန်လာထိုင်ရသည်။ ဝန်နူးသည် တစ်ပတ်တွင် ၃ရက် မနက် ၅နာရီစာစလုပ်ပြီး ကျန်ရက်များတွင် ညသန်းခေါင်ကျော်ထိ စာလုပ်သည်။ ဝန်နူး အထက်တန်းစကတည်းက ကိုယ်ပိုင် စာလုပ်ချိန်သည် တစ်နေ့ ၇နာရီကျော်ရှိသောကြောင့် အိပ်ချိန် ၆နာရီအပြင်ပိုမရဖူးပေ။

နာရီလှမ်းကြည့်မိချိန်တွင် ၇နာရီ၅မိနစ်။ ဝန်နူး ရေချိုးခန်းထဲဝင်သွားပြီး ရေနွေးနှင့်ရေခပ်သွက်သွက်ချိုးလိုက်သည်။ ကျောင်းဝတ်စုံဝတ်ပြီး ဗလာစာအုပ်တွေ လွယ်အိတ်ထဲ စီထည့်ပြီးချိန်၌ အချိန်ကား ၇နာရီခွဲနေပြီ။ အိမ်အောက်ထပ်အမြန်ပြေးဆင်းပြီး အမေပြင်ထားပေးတဲ့ ပေါင်မုန့်ကြက်ဥကြော်ကို အားရပါးရစားပြီးနောက် ထမင်းချိုင့်ကိုဆွဲကာ ကျောင်းသို့ပြေးရတော့သည်။ ထူးချွန်ကျောင်းသား ကျောင်းနောက်ကျသည်ဆိုတာမျိုးတော့ အဖြစ်မခံနိုင်။ အိမ်နှင့်ကျောင်းကတော့ အနည်းငယ်လှမ်းသည်။ ဝန်နူးအိမ်မှ ရထားဘူတာကို ၅မိနစ်လောက်လမ်းလျှောက်ပြီး ၇မိနစ်စာ ရထားစီးရသည်။ ထိုဘူတာမှ ကျောင်းသို့ ၁၀မိနစ်လမ်းထပ်လျှောက်ရသည်။

၈နာရီခွဲကျောင်းတက်သည်ဖြစ်ရာ ဝန်နူးအ
နောက်ကျဆုံးကျောင်းရောက်ချိန်သည် ၈နာရီ ၂၀ ဖြစ်သည်။ သည်နေ့တော့ ကျောင်းရောက်ချိန်တွင် ၈နာရီ ၁၅မိနစ်သာရှိသေးသဖြင့် အခန်းထဲဝင်ပြီး physics ပုံသေနည်းတွေပြန်နွှေးနေလိုက်သည်။ ဝန်နူးထိုင်သည့်နေရာသည် ပြတင်းပေါက်ဘက်အခြမ်း၏ ဒုတိယနေရာဖြစ်သည်။ ပြတင်းပေါက်မှ လေအေးတွေတိုက်တတ်သည်ကို မကြိုက်ပေမဲ့ မနက်ခင်းအစောဆို စာအုပ်တွေနေရောင်ခြည်ကျနေသည့် မြင်ကွင်းကိုတော့ သဘောကျသည်။ စာတွေနဲ့ ရုန်းကန်နေရတဲ့ နေ့စဥ်ဘဝကြီးမှာ ဝန်နူးကြိုက်တတ်သည့်အရာလေးသေးသေးလေးတွေကတောင် သူ့ကိုအများကြီးပျော်ရွှင်စေသည်။

????? ??????? ??!Where stories live. Discover now