抖阴社区

Ch-8 ( Drunk in Jealousy )

1.1K 132 29
                                        

တစ်ရှူးလိပ်ယူပြီး ပြန်လာတော့ ကင်မင်ကယူးအနားမှာ ဘောလုံးအသင်းကသူတွေစုနေကြသည်။
ဒုကပ္ပတိန် ဂျောင်ဟာနီက မင်ကယူးနားမှာရပ်ပြီး တစ်ခုခုပြောနေပုံပင်။ ပြိုင်ပွဲကနီးနေတာကို ကိုယ့်ကြောင့် သွေးထွက်ကုန်တော့ ဝန်နူး အပြစ်ရှိသလိုတောင်ခံစားရလာသည်။ ယူလာတဲ့ တစ်ရှူးကို ကျစ်ကျစ်လေးစုပ်ကိုင်လျက် မင်ကယူးနားကိုသာလျှောက်သွားလိုက်၏။

ဝန်နူးအနားပြန်ရောက်လာမှန်းသိကတည်းက မင်ကယူး မျက်လုံးကဝန်နူးပေါ်ကခွာလို့မရတော့။ အကြောင်းသိနေသည့် ဟာနီက မင်ကယူးကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဝန်နူးအနားသွားလိုက်သည်။

"ဟိုလေ ဝန်နူးလေးရေ မင်ကယူးကိုလေ ပလာစတာလေးကပ်ပေးလို့ရမလား။ အကိုတို့ကကပ်ပေးမယ်ပြောတာကို သူကမင်းပြန်လာမှကပ်မယ်လုပ်နေတာ"

"လျှောက်မပြောနဲ့! ငါက ကိုယ့်ဘာသာကပ်မယ်ပြောတာ!"

မင်ကယူးကမကျေနပ်သလိုပြန်ပြောသည်။ တကယ်လည်း ကိုယ့်ဘာသာကပ်မယ်ဆိုတာကိုး။

"ဒီမှာ ပလာစတာနော်။ ညီလေးကပဲ ကပ်ပေးလိုက်ပါ"

ဟာနီက ဝန်နူးလက်ထဲ ပလာစတာထည့်ပေးလိုက်ကာ အသင်းကလူတွေခေါ်ပြီး ဘောလုံးကွင်းဘက်ထွက်သွား၏။ မသွားခင် ကင်မင်ကယူးဘက်လှည့်ပြီး လက်မထောင်ပြကာ "ဖိုက်တင်း" ဆိုတောင် ပြောသွားသေးသည်။ မင်ကယူးကတော့ လေ့ကျင့်ရေးဆင်းတဲ့အချိန် ပြန်တွေ့မှ တိုးတိုးနေဖို့ပြန်ပြောရမည်။ တော်ကြာ တစ်ကျောင်းလုံးသိကုန်မှ သူ့ကြောင်ပေါက်ကို ပြန်မတွေ့လိုက်ရဘဲဖြစ်သွားဦးမည်။

"ကင်မင်ကယူး"

".. ဗျာ!"

ဂျော်ဝန်နူး ခေါ်သံကြောင့် မင်ကယူးပြန်ထူးလိုက်ပေမဲ့ ဝန်နူးကြည့်ရတာ လန့်သွားပုံပင်။ လက်ထဲမှာ တစ်ရှူးလိပ်ပဲ ပါလာသည်ထင်ပေမဲ့ အရက်ပြန်ပုလင်းကိုပါယူလာသည်။ ဂျော်ဝန်နူးက ပလာစတာသေးသေးလေးကို ခွာနေတာတောင် ဘယ်ကြည့်၊ညာကြည့်ဖြင့် သေချာကြည့်နေသေး၏။ မဟုတ်မှလွဲရော ပလာစတာမခွာတတ်တာများလား။ ထိုသူကအရက်ပြန်ပါ လိမ်းပေးမယ်ဆိုတော့ မင်ကယူး မျက်ခုံးခပ်လှုပ်လှုပ်ပင်။

????? ??????? ??!Where stories live. Discover now