抖阴社区

Part-23(Zawgyi)??

Start from the beginning
                                        

ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ခြံဝန်းကြီးက ကျယ်ဝန်းပြီးကားတွေရပ်လို့ထားသည်။အပင်တွေကလည်း ခြံပတ်ပတ်လည်စိုက်ပျိုးထား၏။ပြတင်းပေါက်ကနေ လေနုနုတို့က ဖြတ်တိုက်လာခဲ့သည်။

    ဒါပေမဲ့ စိတ်ကတော့ ကြည်လင်မနေဘဲ လေးလံလို့နေဆဲ။သူ့ကိုညကဘာတွေလုပ်ပြီး ဘာတွေဆက်ဖြစ်လဲဆိုတာ သိချင်စိတ်ဟာထိန်းမရ။မနေ့က ဖြစ်ခဲ့တာကို မှတ်မိသလောက်ဆို မေ့ဆေးအုပ်ခံရပြီး Lewis ပြောခဲ့တဲ့စကားတစ်ခွန်းက လွဲရင်ဘာကိုမှ မမှတ်မိတော့။

   စကားတစ်ခွန်း... Lewis ပြောခဲ့တဲ့ စကားကိုအခုထိနားမလည်နိုင်သေးပါ။ ' ပြန်ပေးဆပ်ရမယ် ' ဆိုတာ ဘာကိုဆိုလိုချင်နေတာလဲ။ကိုယ်တိုင်တောင် မသိလိုက်တဲ့ အမှားတစ်ခုအတွက် သူကလက်တုံ့ပြန်တာမျိုးလား။

   တကယ်ပဲ Lewisရဲ့ real dark side ကဘာတွေများဖြစ်နေမလဲ။ဒီလိုပုံစံနဲ့ကော ဘယ်အချိန်ထိ ဒီအခန်းထဲမှာ နေနေရဦးမှာလဲ။မရေရာတဲ့ အဖြေတွေမရှိတဲ့မေးခွန်းတွေဟာ ဇေဖြိုးရဲ့စိတ်တွေကို ပိုနောက်ကျိစေပါတယ်။

   လွတ်ဖို့အတွက် အနီးအနားမှာပစ္စည်းတစ်ခုခုကိလိုက်ရှာပေးမဲ့မတွေ့။အဝတ်ဗီရိုတစ်ခုနဲ့ စာအုပ်စင်တစ်လုံး၊ရေချိုးခန်းနဲ့ ခုတင်တစ်လုံးကလွဲရင် ကျန်တာဘာမှထည့်မထား။ပြတင်းပေါက်က ခုန်ချဖို့ကလည်း အရမ်းမြင့်လွန်းတဲ့နေရာဖြစ်နေတာကြောင့် မဖြစ်နိုင်။

  မြင်နေရတဲ့ တံခါးဆီသွားဖို့ကလည်း ခြေထောက်ကိုခတ်ထားတဲ့ သံကြိုးဟာဟန့်တားနေပြန်၏။စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချကာ ခုတင် ပေါ်သာ ပြန်ထိုင်ရင်း ခြေထောက်က သံကြိုးကိုသာ ကိုင်ကြည့်နေမိသည်။

    " မင်းခြေတံလေးက ဒီသံကြိုးနဲ့ Fit ဖြစ်နေသားပဲ "

   " ဟင်!? "

   ဘယ်အချိန်ကတည်းရောက်နေမှန်းမသိတဲ့ Lewisက တံခါးဘောင်ကို မှီလျက်ကျွန်တော့်ကိုကြည့်နေ၏။ကြည့်နေပုံက အရင်ကလို မဟုတ်ဘဲ အေးစက်ခက်ထန်တဲ့ အငွေ့အသက်တွေခိုအောင်းလျက်။အလိုမကျဖြစ်နေတတ်တဲ့ မျက်ခုံးတွေဟာ ဒီတစ်ခါတော့ ဒေါသကြောင့် တင်းမားနေ၏။

?????????? ???????  ( M?FIA OF THE Midnight ){ Complete }Where stories live. Discover now