抖阴社区

Ch-8 ( Drunk in Jealousy )

Start from the beginning
                                        

"မခွာတတ်ရင် ငါခွာပေးမယ်"

"ပလာစတာလောက်ကတော့ ငါလည်းခွာတတ်ပါတယ်။ ဒီဟာကသေးနေလားလို့ ကြည့်နေတာ"

"ဘယ်မှာလဲ ပြပါဦး"

မင်ကယူးသေချာယူကြည့်တော့မှ ဂျောင်ဟာနီပေးထားခဲ့တဲ့ ပလာစတာက ကလေးငယ်ငယ်လေးတွေကို ကပ်ပေးတဲ့ ကလေးသုံးတဲ့ ပလာစတာသေးသေးလေးပင်။ ဂျောင်ဟာနီက တမင်လုပ်သွားတာ ပြေးကြည့်စရာမလို။ ပြီးမှကောင်းကောင်းကြီးကို ပြောရမည်။

"ရပြီ လာ အရှေ့နည်းနည်းကုန်း။ မင်းကို အရက်ပြန်နည်းနည်းလေး တို့ ပေးမယ် ပိုးသေအောင်"

ဝန်နူးက ဆေးပေးခန်းကဆရာမပေးလိုက်တဲ့ အရက်ပြန်ကို ဂွမ်းစလေးနဲ့ တို့ပေးပြီး မင်ကယူး နှာခေါင်းနားကို ဖြည်းဖြည်းချင်း ပွတ်ပေးသည်။ လုပ်ပေးနေရင်းလည်း နှုတ်ခမ်းလေးကနေ "ဖူး ဖူး" ဆိုလည်း မှုတ်ပေးနေ၏။ ဒဏ်ရာက ဝန်နူး ထင်ထားတာထက် နည်းနည်းလေးပိုကြီးနေသည်။ သေချာလေး မှုတ်ပေးပြီး သုတ်ပေးမှ ပိုးသေမှာဖြစ်တယ်ဆိုတာ ပိုသေချာလေ၏။

"မင်းလေမှုတ်ပေးနေတာ အေးနေတာပဲ"

"အေးအောင်ပဲ မှုတ်ပေးတာကို မင်းဘာတွေပြောနေတာလဲ"

တစ်ခွန်းမကျန်ပြန်စွာသွားသည်။ ဝန်နူးက ဂရုတစိုက်ဖြင့် လုပ်ပေးနေတော့ မင်ကယူးမျက်နှာ ဘယ်နားထားရမလဲမသိတော့။ ဂျော်ဝန်နူးကို မြင်နေရတာကြိုက်ပေမဲ့ သည်လိုသူ့ဘက်က ပြင်းပြင်းထန်ထန်စိုက်ကြည့်နေတော့ မင်ကယူးစိတ်ထဲ ပျော်ပျော်ရွှင်ရွှင်နေရခက်လာသည်။ မျက်စံက ဂနာမငြိမ်တော့ဘဲ ဘယ်ကြည့်လိုက်၊ ညာကြည့်လိုက်နဲ့ ဂျောင်ဝန်နူးနဲ့ အကြည့်ချင်းမဆုံအောင်ရှောင်နေရ၏။  မျောက်အုန်းသီးရသလို ခံစားချက်ကြီးမှာ ကိုယ်တိုင်ကိုယ်ကျ မျောက်ဖြစ်သွားတာ ပျော်ဖို့ကောင်းလှသည်။ ခြေထောက်တစ်ဖက်ကပဲ လှုပ်ချင်လာသလို၊ လက်တစ်ဖက်ကပဲ ဆွဲဖက်လိုက်ချင်သလို ခံစားချက်တွေကြား တစ်ယောက်တည်း ကြိတ်မှိတ်လွန်ဆွဲနေရသည်က ခံပြင်းဖွယ်။ အကြည့်ချင်း မစုံမိအောင်ရှောင်ရင်း ဂျော်ဝန်နူး ချိုင်းကြားထဲညှပ်ထားတဲ့ တစ်ရှူးလိပ်ကြီးကို မြင်တော့ ရယ်ချင်စိတ်က ထိန်းမရတော့။

????? ??????? ??!Where stories live. Discover now