မောင့်အိမ်သူသက်ထား
Part-19
သက်ထားသတိပြန်ရလာတော့မိုးလင်းလို့နေပါထွက်နေပြီ။ဘေးဘီဝဲကြည့်တော့လည်ကတုံးနဲ့ကျော့မော့နေတဲ့မင်းမောင်ကိုတွေ့ရလေသည်။သူကြရွိုင်းနေလိုက်တာ။
မင်းမောင်မှန်ထဲကနေကြည့်တော့အိပ်ယာကနိုးလို့သူ့ကိုဘုကြည့်ကြည့်နေတဲ့မိန်းမဖြစ်သူကြောင့်မှန်ထဲကနေပြုံးပြရင်း
"သတိရလာပြီ၊နိုးလာပြီဆိုရေသွားချိုးလေ ခင်ဗျားနဲ့မောင်မင်္ဂလာဆောင်သွားကြမယ်"
"နင်နဲ့ငါပြန်လာရင်တွေ့မယ်မင်းမောင်...."
သက်ထားလည်းရုတ်တရက်ကုန်းထလိုက်တော့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေသည်။
"အား....ကျွတ်စ့်...သေပါပြီ"
"မသေပါဘူးအရှင်ကြီးပါ....."
"မျက်နှာကြောမတင်းနဲ့မင်းမောင်...."
သက်ထားလည်းမျက်စောင်းထိုးကာအခန်းထဲကနေထွက်လာခဲ့သည်။အောက်ထပ်ရောက်တော့တစ်ယောက်မျှမတွေ့ရပေ။မောင်ဝမ်းကွဲတူဝမ်းကွဲဆိုတော့လည်းအကုန်သွားကြမှာပေါ့။
သော်တာထိုင်နေရင်းသူငယ်ချင်းဖြစ်သူကိုမျှော်နေသည်။
"ဆရာမ ဘယ်သူ့ကိုမျှော်နေတာလည်း..."
"သက်ထားကိုပါ သူလာမယ်ဆိုပြီးမလာသေးဘူးလေ..."
ဆရာမဆီကသက်ထားဆိုတဲ့နာမည်ကြောင့်စစ်နိုင်ဦးမျက်နှာပျက်သွားရပြီးတစ်ခြားဘက်အကြည့်လွှဲလိုက်သည်။
တူနှစ်ဖြာရွှေဂဟေဆက်ဖို့......
သွေမပျက်တဲ့မေတ္တာ ရေစက်ရဲ့ရှေးအလာ..
မနှေးအခါခါ ချင့်တွေး....
ဖြစ်ရေးခုသမုဒယနွယ်လာ...
သြော် ဖြစ်ရေးခုသမုဒယနွယ်လာ....
အခုဘဝတစ်ကယ်ဘယ်မမုန်းတော့ လေး.....လေး....လေး....
ရှေးရေစက်အကြောင်းဖက်ဖန်လာ.....
ရွှေပဒေသာငွေပဒေသာ ဝေဝေဆာဆာစွေရွာဖြိုး....
ရတနာမိုးသွန်းတဲ့ရက်မြတ်မင်္ဂလာအခါ....
ဇေယျတုသဗ္ဗမင်္ဂလာ....

YOU ARE READING
~??????????????????~
Science Fiction"???????????????????????????..." "?????????????????????????????? ???????????????..." ????????????????????????????????????? Uni/Zawgyi Start Date-17/6/2024 End Date- 3/9/2024