မောင့်အိမ်သူသက်ထား
Part-39
ထက်သိင်္ဂီတစ်ယောက်ကိုတစ်နေ့လုံးပတ်ရှာပေမဲ့အရိပ်အယောင်တောင်မတွေ့ရပေ။လိုက်ရှာတဲ့ချက်ကြီးတို့အဖွဲ့လည်းမောတာသာအဖက်တင်သည်။အားလုံးညနေစောင်းတော့ရွာထဲပြန်ဝင်လာခဲ့ကြသည်။
မင်းမောင်အိမ်ရှေ့ခရေပင်အောက်ကွပ်ပျစ်မှာထိုင်နေရင်းချက်ကြီးတို့အလာကိုစောင့်နေသည်။မကြာပေ အသံကျယ်ကျယ်တွေနဲ့တောက်ခေါက်သံတွေကြားလိုက်ရသည်။
"ဟေ့ကောင်တွေ တွေ့လား"
"ဘယ်ကသာကွာ ငါတို့လိုက်ရှာတာနှံ့နေပြီမတွေ့ဘူးဘယ်ကိုများပြေးသွားသလဲမသိဘူး"
"အဲ့ကောင်မကိုမြေလှန်ရှာမယ် ငါ့မိန်းမကိုသတ်ဖို့ကြံစည်ခဲ့တဲ့ကောင်မ"
"အေးပါကွာ ငါတို့ပြန်တော့မယ်မင်းမောင် ရှာတာပဲမတွေ့ဘူးကွာ"
"နေပါအုန်း မင်းတို့တစ်ဝိုင်းစာယူသွားအုန်းလေ လိုက်ရှာကြတာခုမှပြန်ရောက်တာ"
"နေပါကွာ ဒီလူနဲဒီလူကိုရှာပေးရမဲ့တာဝန်ကိုငါတို့မှာအပြည့်ရှိတယ် သူကြီးအိမ်ကကိစ္စ၊သူကြီးသားငါတို့သူငယ်ချင်းကိစ္စပဲကို"
"နေပါကွာတွေမလုပ်ပါနဲ့ ဒီတစ်နေ့အလုပ်ပျက်သွားခဲ့ကြရတာပဲမဟုတ်လား ယူသွားပါ "
စကားသံကြောင့်မင်းမောင်နဲ့ချက်ကြီးတို့ကြည့်တော့သက်ထားကအိမ်ထဲနေကထွက်လာလေသည်။သူတို့နားရောက်တော့ပိုက်ဆံအိတ်ထဲကငါးထောင်တန်တစ်ချို့ထုတ်ကာ
"ယူသွားပါ အိမ်မှာအကြီးတို့မီးဖိုချောင်စရိတ်ရတာပဲအလုပ်တစ်နေ့ပျက်ထားတာကိုး"
"အဲ့ဆိုလည်းယူသွားမယ်နော် "
"ယူသွား ယူသွား"
ချက်ကြီးလည်းဆရာမလေးလက်ထဲကပိုက်ဆံယူလိုက်ကာပုတိုတို့မဲလုံးတို့ကိုခွဲဝေပေးပြီးနှုတ်ဆက်ကာအိမ်ကိုယ်စီပြန်လာခဲ့ကြသည်။
မင်းမောင်ချက်ကြီးတို့အဖွဲ့ထွက်သွားသည်နှင့်ရှေ့ကိုပြန်လှည့်ကြည့်တော့အတွေးလွန်နေပုံရတဲ့မိန်းမဖြစ်သူကြောင့်လက်လေးကိုဆွဲကိုင်ရင်း

YOU ARE READING
~??????????????????~
Science Fiction"???????????????????????????..." "?????????????????????????????? ???????????????..." ????????????????????????????????????? Uni/Zawgyi Start Date-17/6/2024 End Date- 3/9/2024