抖阴社区

???????(?) uni

9.7K 442 6
                                        

"ကိုမင်း"

"ဗျာ...ဪ ကိုကြီးထိုက်သူ"

"ကိုမင်းကိုမေးစရာရှိလို့ သန့်ငယ်ကျောင်းမှာဘာဖြစ်ခဲ့‌သေးလဲ"

"ဗျာ ဘာမဖြစ်ပါဘူး ဘာလို့လဲ"

"ပြန်ရောက်ကတည်းကမျက်နှာမကောင်းပဲ ငိုပဲ‌ငိုနေလို့ ခေါင်းကိုက်တယ်ပြောတာ ကျောင်းမှာတစ်ခုခုဖြစ်ခဲ့လို့လားလို့"

"ကျွန်တော်တို့ပြန်လာကြတုန်းကအကောင်းပါ ရယ်ရယ်မောမောနဲ့ကို"

ဒါဆို သန့်ငယ်လေးကဘာဖြစ်လို့များလဲ...ပြန်ခဲ့တုန်းကအကောင်းဆို အိမ်ရောက်မှ‌ဖြစ်တာလား?

ဒီကောင်လမ်းမှာတုန်းကတောင်ရယ်ရယ်မောမောနဲ့ကို နေပါအုန်း ငါပြောလိုက်တဲ့ဟာကြောင့်များလား....

"ဟိုဟာ...တစ်ခုတော့ရှိတယ် ကိုကြီး"

"ဟို...ကိုကြီးနဲ့ မနှင်းနှင်းနဲ့ကို ရွာထဲကလူတွေကတွဲနေကြတယ်လို့ပြောကြလို့ သူ့ကိုမေးမိလိုက်သေးတယ်"

"ဘယ်လို!"

ဘယ်လိုလုပ် သူနဲ့ နှင်းနှင်းနဲ့က တွဲရမတုန်း။ သန့်ငယ်ကအဲ့ဒါကြောင့်ငိုတာများလား။ ပြန်တွေးကြည့်မှ သန့်ငယ်ပြန်ရောက်လာတုန်းက နှင်းနှင်းကအိမ်မှာရှိနေတာပဲ ....။ ဟာကွာ သူကြားခဲ့တဲ့သတင်းတွေနဲ့ တကယ်ထင်ပြီး၀မ်းနည်းသွားတာလား။ ဒီကလေးက ထိုက်သူကို သိပ်နှမြောတဲ့ကလေး။ သူကိုမချစ်တော့မှာ ပစ်ထားခဲ့မှာတွေကြောက်ပြီး ၀မ်းနည်းသွားတာနေမှာ...ကျစ်..!

"အဲ့ဒါဆိုကိုကြီးပြန်လိုက်အုံးနော် ကိုမင်း"

"ဟုတ်ဟုတ်"

ကိုမင်းလည်း ကြောင်တောင်တောင်နဲ့သာ ခေါင်းလေးကုတ်ရင်းအိမ်ထဲ၀င်လာခဲ့လိုက်သည်။ မဟုတ်သေး... ဒီကောင် သူ့ကိုကြီးကို အဲ့လောက်တောင်နှမြောတာလား...! ငါကိုက လျှာလျှာရှည်ရှည်သွားအာချောင်မိလိုက်တာပါ။ နောက်ဆို ဒီကောင့်ရှေ့ သူ့ကိုကြီးအကြောင်းမပြောမိအောင်နေရမယ်။

အိမ်ပြန်ရောက်တော့ သန့်ငယ်လေးက ရေချိုးပြီး၍ အ၀တ်အစားပင်လှဲပြီးနေလေပြီ။ ညနေကတည်းက ခါတိုင်းလို အသံစာစာလေးမကြားရတော့ ထိုက်သူမှာမနေတတ်။ ခုလည်း ရေချိုးထားလို့မျက်နှာလေးကကြည်လင်နေပေမဲ့ ရွှင်ရွှင်ပျပျမရှိတဲ့မျက်နှာလေးအားကြည့်ကာ သက်ပြင်းချမိလိုက်သည်။

??????????????????????????? (Complete)Where stories live. Discover now